နှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်ရေး ဆွေးနွေးပွဲအစီရင်ခံစာ လွဲအပ်
မောင်ရမ္မာ
ဖေဖေါ်ဝါရီလ ၆ ရက်၊ ၂၀၀၈ ခုနှစ်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် မကြာသေးမှီက မြန်မာနိုင်ငံကို သွားရောက်ခဲ့သည့် ကိုယ်စားလှယ်အဖွဲ့မှ ထုတ်ပြန်ချက်အစီရင်ခံစာကို နိုင်ငံခြားရေးရာ အကြံပေးအရာရှိ ဒေါက်တာ အိုင်ဖ်ကာအာမတ်ချော်ဒရီ ထံ ယမန်နေ့က လွဲအပ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် မကြာသေးမှီက မြန်မာနိုင်ငံကို သွားရောက်ခဲ့သည့် ကိုယ်စားလှယ်အဖွဲ့မှ ထုတ်ပြန်ချက်အစီရင်ခံစာကို နိုင်ငံခြားရေးရာ အကြံပေးအရာရှိ ဒေါက်တာ အိုင်ဖ်ကာအာမတ်ချော်ဒရီ ထံ ယမန်နေ့က လွဲအပ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
ဘင်္ဂလာဒေ့ခ်ျ ကိုယ်စားလှယ်အဖွဲ့သည် နှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်နိုင်ရေးနှင့် အတတ်ပညာ ပိုင်းဆိုင်ရာ စေ့စပ်ဆွေးနွေးရေး အခြေခံအုတ်မြစ်ချစ်ရန် သွားရောက်ခဲ့ခြင်းဖြစ်သည်။
၎င်းကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားအတွင်းဝန် MAK မိုဟာမတ် ဦးဆောင်ပြီး သူနှင့်အတူ ရေအား လျှပ်စစ်ထုတ်လုပ်ရေး ဒါရိုက်တာ ဘင်္ဂလာဒေ့ခ်ျ ရေတပ်အရာရှိ မီယာအိုင်ဒါဒူဟော့နှင့် နိုင်ငံခြား ရေးရုံးမှ UNCLOS ဒါရိုက်တာ M နာဇူလ် အစ္စလန်တို့ လိုက်ပါသွားခဲ့သည်။
၂၀၀၇-ခုဧပြီလတွင် နိုင်ငံခြားရေးရာ အကြံပေးအရာရှိ ဒေါက်တာ အိုင်ဖ်ကာ အာမတ်ချော်ဒရီ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ခဲ့သည့်အချိန်တွင် ၂၁ နှစ်တာ အငြင်းပွါးနေသော နယ်နိမိတ် သတ်မှတ်ရေးအကြောင်းအရာများကို စတင်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
သူပြန်လာပြိးနောက်ပိုင်း နှစ်နိုင်ငံ ပင်လယ်ရေကြောင်း နယ်နိမိတ်သတ်မှတ်နိုင်ရန်အတွက် အတတ် ပညာပိုင်းဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲပြုလုပ်ရန် အဆိုပါကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွတ် ပေးခြင်းဖြစ်သည်။
အစီရင်ခံစာ လွဲအပ်ပွဲအခမ်းအနားတွင် နိုင်ငံခြားရေးရာ အကြံပေးအရာရှိက “မြန်မာဝန်ကြီးအဖွဲ့နဲ့ သဘောတူညီမှုရရှိခဲ့တဲ့ အတတ်ပညာပိုင်းဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲကို စတင်သင့်တယ်၊ ကျနော်တို့ အိမ်နီးနားချင်းပီသစွာ ဆက်ဆံရေးနဲ့ မတူညီတဲ့ ကွဲပြားမှု တွေထဲက ကွဲပြား နေတဲ့ အကြောင်းအရာတွေကို အစည်းအဝေးလုပ်ပြီးတော့ တသီးတခြားစီ ဆွေးနွေးရမယ်” ဟု ပြောသည်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံအနေဖြင့် နှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်ရေးအပြင် နှစ်ဦးနှစ်ဘက်နှင့် သက်ဆိုင် သော အစီအစဉ်များဖြစ်သည့် လမ်းပမ်းဆက်သွယ်ရေး၊ ဆန်တင်သွင်းရေး၊ လယ်ယာမြေ သဘောတူညီချက်စာချုပ် ချုပ်ဆိုရေး၊ စွမ်းအင်ပူးပေါင်းလုပ်ဆောင်ရေး၊ ကုန်သွယ်ရေး ကျယ်ပြန့် အောင် လုပ်ဆောင်ရေးနှင့် ပူးတွဲကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းခြင်းများကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Saturday, February 9, 2008
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment