Saturday, March 1, 2008

ဆန္ဒ

Saturday, March 1, 2008
သူငယ်ချင်း • • • • •
မင်းလည်း လိုချင်နေမှာပါ
ငါလည်း လိုချင်နေမိတယ်
လူတစ်ယောက်ရဲ့ အခွင့်အရေး တွေ • • • • •

သူငယ်ချင်း • • • • •
မင်းလည်း မျှော်လင့်နေမှာပါ
ငါလည်း မျှော်လင့်နေတယ်
ကိုပိုင် လွတ်လပ်ခွင့် ကို • • • • •

သူငယ်ချင်း • • • • •
မင်းလည်း စဉ်းစားနေမှာပါ
ငါလည်း စဉ်းစားနေတယ်
ဘယ်တော့မှ လွတ်လပ်မှာလဲ လို့ • • • • •

သူငယ်ချင်း • • • • •
မင်းလည်း မုန်းတီးနေမှာ
ငါလည်း မုန်းတီးနေတယ်
အာဏာရှင် စနစ်ကို • • • • •

သူငယ်ချင်း • • • • •
မင်းမှာလည်း ရှိနေမှာပါ
ငါ့မှာလည်း ရှိနေတယ်
အာဏာရှင်ကို တော်လှန်ဖို့ • • • • •

သူငယ်ချင်း • • • • •
မင်းလည်း ဆုတောင်းနေမှာပါ
ငါလည်း ဆုတောင်းနေမိတယ်
ပြည်သူအားလုံး အေးချမ်းပါစေလို့ • • • • •

0 comments:

Post a Comment

 
◄Design by Pocket