ဘာကြောင့် ချစ်သွားတာလဲ
ဘာလို့ ချစ်လိုက်တာလဲ
ဘယ်ကစ ချစ်တာလဲလို့
မေးလိုက်တဲ့ အချိန်မှာ
ကို့ရဲ့ ရင်ခွင်မှာ
သူက အခိုင်အမာ
နေရာယူနေလေရဲ့။
သူထွက်သွားလေမလားလို့
စိတ်ကထင်လိုက်တိုင်း
ရင်တစ်ခုလုံး တဆတ်ဆတ်ခါ
နာကျင်လို့ နှလုံးသွေးတွေ
ဗလောင်ဆူ ပူလောင်စွာ
ခံစားနေရလေရဲ့။
သေချာပါပြီ.....
သူသာ မရှိရင်...
သူသာ.....ရင်...
သူသာ....ရင်....
ဆက်မတွေးရဲဘူး..
ကို့ရင်ထဲမှာ ကမ္ဘာပျက်နေပြီထင်ပါရဲ့။ ။
Tuesday, January 13, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment