လူးလွန့်ပြီး အိပ်ရာက
ထကြည့်လိုက်တယ်
မီးရှုး မီးပန်းတွေနဲ့ နှစ်သစ်ကို
ကြိုဆိုနေကြပြီ
ငါလေ
ဟိုတစ်ချိန်က
သူတို့တွေလိုပဲ နှစ်သစ်ကို
ကြိုဆိုခဲ့ဖူးပါရဲ့
ငါလေ
ဒီလိုအချိန်ပေါ့
တစ်ခါမှမရောက်ဖူးသေးတဲ့
နေရာသစ်တစ်ခုကိုသွားဖို့
တိတ်တဆိတ်ပြင်ဆင်နေခဲ့တယ်
ငါလေ
အဲဒီအချိန်ကစလို့
ငါသိပ်ချစ်တဲ့နေရာလေးကို
ထာဝရ ခွဲခဲ့ရတယ်
ငါလေ
အခု.... ဒီအချိန်တွေကိုရောက်တိုင်း
ကြောက်ရွံ့နေမိတယ်
ဘယ်အရာတွေထပ်ပြီးပြောင်းလဲအုံးမှာလဲလို့
သေချာပါတယ်
ငါရဲ့နုပျိုခြင်း ကို
ပထမဦးဆုံး ပြောင်းလဲလိုက်ပြီ
နောက်ထပ်
ငါရေးနေကြ နေ့စွဲ
ငါ ........
ငါ ........
ငါ ........(ရဲ့)
အားလုံးကိုပြောင်းလဲလိုက်ရပြီ
သေချာတာတစ်ခုကတော့
ငါလေ
စိတ်မပါ လည်းပဲ
သူခေါ်ဆောင်ရာကို
လိုက်ရတော့မှာပါ
နောက်ဆုံး
ပြောချင်တာတစ်ခုကတော့
ငါနှုတ်ဆက်တာကို
မကျေနပ်လည်း လက္ခံပါ
2007 ရေ
0 comments:
Post a Comment