Wednesday, December 26, 2007

လောဘ၏နောက်ဆုံး••••

Wednesday, December 26, 2007
ကျွန်တော် ငယ်ငယ်
အသိမကြွယ်ခင်က
အရာရာကို သိချင်ခဲ့တယ်။••••••••••

ကျွန်တော် လူမှန်း
သိလာပြန်တော့
ပညာ ပိုလို့တတ်ချင်လာတယ်။•••••••••




ကျွန်တော် သင်္ညာ
တတ်လာ လာပြန်တော့
ရာထူး ဂုဏ်ရှိန်မက်မောလာတယ်။••••••••••

ရာထူးဂုဏ်ရှိန် ရလာပြန်တော့
ငါ့ကိုယ် ငါသာ နှိုင်းစရာလို့
မောက်မာ ရိုင်းစိုင်းထင်ရာစိုင်းတယ်။••••••••••

အခုတော့လည်း
လောကနိဂုံး အဆုံးသတ်ဖို့
ဘယ်တရားနဲ့ စီရင်ရမယ်
အဖြေကိုတွေး ရင် လေးမိတယ်
(သူတို့).... တွေတော့သိလိမ့်မယ်။••••••••••




(သူတို့)= ငရဲပြည်တွင်နေထိုင်သူများ။

လွှမ်းမိုး ။နားဆင်ရန်: ပုတုဇနောဥမ္မတကော


0 comments:

Post a Comment

 
◄Design by Pocket