ကျွန်တော် အမှန်အတိုင်း ၀န်ခံရရင်အရောင်တွေ အကြောင်းသိပ်မသိပါဘူး ကျွန်တော်သိသလောက် ပြောရရင်တော့ အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း ၊ အနီရောင်သည် ရဲရင့်ပြတ်သားခြင်း ၊ အပြာရောင်သည် ငြိမ်းချမ်းတည်ကြည် ခြင်း ၊ ရွှေဝါရောင်သည် လေးစားကြည် ညိုခြင်း ၊အစိမ်းရောင် သည် အ မိန့်ကို နာခံခြင်း ၊ အမဲရောင်သည် လမ်းပြောက်ခြင်း လို့တင်စားကြ ပါတယ်။
သူတို့ရဲ့စွမ်အားတွေက တော့ အဖြူရောင်သည် ရောနှော၏၊ ပျော့ပျောင်း၏၊ အရာရာကိုလက်ခံ၏။ အနီရောင်သည် ပူ၏၊ တွန်းကန်၏၊ စိတ်ကို တက်ကြွစေ၏။ ရွေဝါရောင်သည် နူးညံ့၏ ၊ ထည်ဝါ၏၊ ချမ်း သာ၏၊ အမဲရောင်သည် အပူကိုကာကွယ်၏ ၊ စွဲငင်၏ လို့ ကြားဖူးပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာ အမဲရောင်နယ်မြေ ဆိုတာရှိပါတယ်၊ ကြားလည်းကြားဖူးကြပါလိမ့်မယ်၊ တကယ်တမ်းကမြန်မာတစ်နိုင်ငံလုံးဟာ အမဲရောင်နယ်မြေပါ၊ အဲဒီလိုပြောရင်ဟာမဟုတ်တာလို့ပြော ကြအုံးမယ်၊ ဒါပေမဲ့ပြန်စဉ်စားကြည့်ပါ။ လူတိုင်း လုံခြုံမှု ရှိရဲ့လား၊ တရား ဥပဒေရှိရဲ့လား၊ မိမိကြမ္မာကို မိမိဖန်တီးနိုင်ရဲ့လား၊ ဘာသာတရား ဆိုတာကော ရှိရဲ့လား ဆိုတဲ့ မေးခွန်းလေးတွေကိုဖြေကြည့်လိုက်ပါ။ ကဲဘယ်လိုလဲ... လူတိုင်းလုံခြုံမှုရှိတာပေါ့... သေနတ်ကိုင်ထားတဲ့လူတွေလေ....... တရားဥပဒေ ကတော့... အစိုးရကခိုင်းသလိုပေါ့၊ မိမိကြမ္မာဆိုတာဘာလဲ.. ကြက်ခြင်းထဲကကြက်တွေလိုပါပဲ၊ဘာသာတရားကတော့ အားလုံးသိပြီတဲ့အတိုင်းပဲ။ အဲဒီတော့ မြန်မာပြည်ဟာ အဖြူရောင်လားအမဲရောင်လားဆိုတာ ဆက်ပြောရင်ကျွန်တော် လွန်ရာကျတော့မှာမို့လို့ တစ်ခန်းရပ်ပါရစေ.............။ ။
မှတ်ချက်။ ။ ကျွန်တော်သည် အမဲရောင်နယ်မြေတွင် အမှန်တကယ် မွေးဖွား ကြီးပျင်းခဲ့သူ ဖြစ်ပါသည်။
0 comments:
Post a Comment