
မြေခလို့ ကြွေကျ
ကောက်ယူလို့ နမ်းမယ်ပြင်
မ၀ံ့မရဲ ရယ်နဲ့
ညှိုးလျှော့တဲ့သူ့ရုပ်သွင်။
ပင်ပေါ်ဝယ် တင့်ဝေစဉ်က
ငါသာကွယ် ကမ္ဘာမယ် အလှဆုံး ရယ်လို့
အလှဂုဏ် ပြိုင်သူရှုံးရောထင့်
မောက်ခဲ့မိပြန်။
ခုများတော့ သူ့လက်ပေါ်တွင်
နမ်းလိုက နမ်းစေတော့
မြေပေါ်ကို ပြန်မဆင်းလိုဘု
နင်းခြေသူကြုံမှာစိုးတယ်
ကြွေခဲ့တဲ့ပန်း။ ။ :)
0 comments:
Post a Comment