အရမ်းတော့ မယုံစရာ
စာမေးပွဲမှာ အောင်လိုက
စာကြိုးစားလိုက်ကြ။
ဇွဲနဲ့လုံ့လ အရင်းခံ
ကြိုးစား အချိန်မှန်မှန်
ထိုသူဧကန် ချမ်းသာပွား
ပညာစီပွား ကောင်းကျိုးများ။
မကြိုးစားပဲ အပျင်းထူ
ဆုပဲ တောင်းနေသူ
ကယ်မည့်သူ ဘယ်မရှိ
သေချာဒုက္ခ ရောက်မည်တိ။
ကိုယ်၏စွမ်းအား ကိုယ်ကိုးပါ
သေချာကြီးပွား တိုးတက်မှာ
ဗုဒ္ဓမြတ်စွာ ဟောညွှန်ကြား
ကောင်းကြိုး လိုလားကျင့်စေသား။
ကံ ဥာဏ် ၀ိရယ စွမ်းအင်များ
ဖန်ဆင်းရှင်လို့ မှတ်စေသား။ ။
ှဤကဗျာလေး မှာ ဆရာတော် ဦးဇ၀န က ကလေးများအား ဆုံးမထားသော ကဗျာလေး ဖြစ်ပါသည်။
0 comments:
Post a Comment