အတာကူး လတန်ခူး
ပျော်ကြမြူးကြ သင်္ကြန်ခါ
ပန်းပိတောက်တွေ ထိန်ထိန်ဝါလို့
ရေပက် ကြတဲ့ပွဲ။
ကားကြီးတစ်မျိုး ကားငယ်တစ်ဖုံ
ခြေလျှင်ရယ် အသွယ်သွယ်နဲ့
ရွှင်မြူးစွာ မောင်မယ် ပျိုတို့
ရေပက်ခံတဲ့ပွဲ။
တူးပို့သံညံ
နန်းဆန်ဆန် ရွှေမန်းဟန်နဲ့
လှသွေးကြွယ် လုံမေပျိုတို့
ကခုန်ကြတဲ့ပွဲ။
သင်္ကြန်ပိုးမောင်တို့
ပြိုင်ဆိုင်ကာ မဏ္ဍပ်ဆောက်လို့
ပျော်ရွှင်ကြောင်း ဆုမွန်တောင်းရင်း
သံချပ်ထိုးတဲ့ပွဲ။
ဘိုး ဘွား ဖေ မေ
ဆင်မြန်းကာ ရောဂီရောင်နဲ့
ကြည်ညိုစရာ ဘုရားကျောင်းမှာ
ကုသိုလ်ယူတဲ့ပွဲ။
မြန်မာတို့ရဲ့
ဘိုးဘွားမွေ ယဉ်ကျေးမှုနဲ့
ထုံးတမ်းစဉ် ရိုးရာဓလေ့
ဖေါ်ထုတ်ပြတဲ့ပွဲ။
ပျော်စရာစုံ
ဒီချိန်ခါ လွမ်းစရာကြုံတဲ့
မွေးရပ်မြေ ရွှေမြန်ပြည်က
ကျွန်တော်လွမ်းတဲ့
နှစ်သစ်ဦးမှာတဲ့
အတာကူးတဲ့ သင်္ကြန်ပွဲ။ ။
Thursday, April 3, 2008
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment