Saturday, April 19, 2008

မထောက်ခံပါ (သို့မဟုတ်) NO

Saturday, April 19, 2008


ကျွန်တော်တို့ရဲ့ အမိမြန်မာပြည် ဟာဆိုရင်ယခုအချိန်မှာ အရေးအကြီးဆုံး အခြေအနေကို ရောက်နေပါပြီ၊ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေအားလုံး မိမိတို့ရဲ့ ဆန္ဒကို သက်သေပြရမဲ့ အချိန်ဟာအင်မတန်မှ နီးကပ်နေပါပြီ။ ဘာလို့လည်းဆိုတော့ မိမိတို့ရဲ့ အနာဂါတ် ဘ၀ခရီးနဲ့ သားစဉ်မြေးဆက် အတွက်အင်မတန်မှ အရေးကြီးတဲ့ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုထောက်ခံ ရေးကြောင့် ပဲ ဖြစ် ပါ တယ်။

ကျွန် တော်ဟာ မြန်ပြည်သားပါ မြန်မာနိုင်ငံရေး ဟာလည်းမြန်မာပြည်သားတိုင်း ရဲ့တာဝန်ပါ တစ်ခုရှိတာက လူသား တစ် ယောက် အနေနဲ့ မိမိကိုဆရာ လုပ်မယ့်သူ ကိုမိမိကိုတိုင် ရွေးချယ် တတ်ဖို့ပါပဲ ဒေ၀ဒတ် ကိုဆရာ တင်မိသလို မျိုး တော့ အ ဖြစ် မ ခံစေချင်ပါဘူး ၊ ကို့ကို ဘယ်လိုအုပ်ချုပ်မယ် အုပ်ချုပ်မယ့်ပုံစံကကော ကိုယ် တစ်ကယ် လက္ခံနိုင်ရဲ့ လား တိုင်းပြည် တစ်ပြည်လုံး ကောင်း စားမှာလား ဆိုတာ လည်းစဉ်းစား စရာလိုပါတယ် ၊ အခြေအနေ အရလုပ်ရတာပါ ဆိုတဲ့ ဆင်ခြေ ပေးရမဲ့ အချိန်မဟုတ်တော့သလို တွေဝေစရာ မ လိုတော့ပါဘူး ၊ တော်တော်များများ လည်း ဖွဲ့စည်းပုံကိုဖတ် ပြီးလောက်ပါပြီ ပြည်သူတွေ အတွက်ဘယ်လောက် ကောင်းပြီး စစ်တပ်အာဏာ တည်မြဲရေး အတွက် ဘယ်လောက်များတယ် ဆိုတာတော်ရုံတန်ရုံ လောက်စည်းစား တတ်တယ် ဆိုရင် တွေ့နေရပါပြီ ၊ အခုရေးဆွဲထားတဲ့ဖွဲ့စည်းပုံက နိုင်ငံတော် ရဲ့ နိုင်ငံသား အခွင့်အရေး မဟုတ် ဘဲ တပ်မတော် သားများ အခွင့်အရေး ဖွဲ့စည်းပုံ သာဖြစ်ပါတယ်။


ဘာကြောင့်လည်းဆိုတော့ အခုရေးဆွဲထား တဲ့ ဖွဲ့စည်းပုံမှာ အများပြည်သူရဲ့ ဆန္ဒကို အစိုးရက ဖော်ဆောင် ပေးရေး ဆိုတဲ့ အချက်ကို လုံးဝလစ်လျှူရှု ထားတာကတစ် ကြောင်း ၊ လွှတ်တော် မှာပြည်သူက အသိ အမှတ် ပြုတဲ့ ဦးရေ နဲ့ အသိ အမှတ်မပြုတဲ့ ဦးရေယှဉ်ရင် အသိအမှတ် မပြုတဲ့ဦးရေ က ပိုမိုပါဝင် နိုင်တာကြောင့် ရရှိမယ့်အခွင့်အရေး နှင့် အကျိုးခံစာခွင့်တွေဟာ လည်းပြည်သူ တွေအတွက် မဖြစ်နိုင်ပါဘူး၊၊

နောက်တစ်ခုက အကြောင်းအမျိုးမျိုးကြောင့် ထောင်ထဲရောက်နေသူများသော် လည်းကောင်း၊ လက်ရှိအစိုးရရဲ့ လုပ် ရပ် တွေကိုဝေ ဖန်လို့ ထောင်ထဲ အတင်းအဓမ္မ ထည့် ထားတဲ့ ပုဂ္ဂိုလ်များမှာ လည်း လွတ်လပ်စွာ ဆန္ဒမဲ ပေးခွင့် ရှိရပါမယ်၊ ရဟန်း သံဃာတော်များ သည်လည်း မဲပေးခွင့် ရှိရပါမယ်၊ အဘယ့်ကြောင့် ဆိုသော် ထိုသူများ သည်လည်း လက်ရှိနိုင်ငံသား စာရင်းတွင်ပါဝင် သော ကြောင့်ဖြစ်ပါတယ်။ လက်ရှိနိုင်ငံ သား စာရင်းတွင် ပြည်ပရောက် နိုင်ငံသားများလည်း ပါဝင်သည်၊ ယခုလက်ရှိ အခြေအနေ မှာပြည်ပရောက် နိုင်ငံသားအများစု မှာမြန်မာသံရုံးနှင့် အဆက်အသွယ် မရှိသောကြောင့် မဲပေးခွင့် မရှိ၊ ပြည်သူလူထု ဆန္ဒကို ဦးစားမပေးပဲ တစ်ဘက်သတ် ရေး ဆွဲ ထားတဲ့ ဖွဲ့စည်းပုံ နဲ့ ဥပဒေ ကို မိမိတို့ ရဲ့ အရှင်သခင်အဖြစ် အုပ်ချုပ်တာ ခံနိုင်ကြပါသလား။

ဘယ်နိုင်ငံမှာ မဆို ဒီမိုကရေစီ စနစ်မှာ ပြည်သူလူထု အများစုရဲ့ ဆန္ဒကို အစိုးရက ဖေါ်ဆောင်ပေးရေး ဆိုတဲ့အချက် ဟာဒီမိုကရေစီ စနစ်တစ်ခု ရဲ့ အသက်ပါ ခင်ဗျား...... အဲဒီတော့ အခု ထောက်ခံပွဲလုပ်တော့မယ့် ၁၂ နှစ်ကြာ အချိန်ဆွဲ ရေးဆွဲ ခဲ့တဲ့ စစ်အစိုးရတစ်ခုသာ ကောင်းစားရေး ဖွဲ့စည်းပုံကြီးအား မထောက်ခံပါ (သို့မဟုတ်) NO လို့မဲပေးလိုက်ကြပါစို့လား....





0 comments:

Post a Comment

 
◄Design by Pocket