Friday, May 2, 2008

မလေးရှားအမှတ်တရ(၂)

Friday, May 2, 2008
မလေးကို ပတ်ခြင်း
ကျွန်တော်တို့ နေတဲ့နေရာက မလေးရှား နိုင်ငံ johour (ဂျိုဟိုး) ပြည်နယ် ထဲက ရွာလေးတစ်ရွာပါ ။ရွာဆိုပေ မဲ့ကျွန် တော် တို့နေတဲ့ နေရာကနေ မြို့ ကိုသွားတဲ့ ကားလမ်းကို ၂၀ မိနစ် လောက်လမ်း လျှောက်ရတယ် အဲဒီကနေမှ ၃၀ မိနစ် လောက် ကား စီးမှ ဈေး ၀ယ်လို့ရတဲ့ မြို့လေး ကိုရောက် ပါတယ် ။ အဲဒီတော့ အကြောင်း ကိစ္စမရှိရင် ဘယ်ကိုမှ မသွားကြပါဘူး။ နောက်ဆုံး ပြဿနာ တွေဖြစ်တော့ ဖြစ်ချင်ရာဖြစ် ဆိုပြီး ခရီးထွက် ဖို့လုပ်လိုက်တယ် ဖြစ်ချင်တော့ လစာက ၁၂၀လောက်ရတယ် ရပြီလေ ကွာလာလမ်ပူကို အသွားအပြန် ၄၀ ဆိုရပြီ။ အဲဒီတော့ ရတဲ့ လခလေး ကိုလမ်းစရိတ် ရင်းနှီးပြီး အလုပ်ရှာဖို့ ခရီးစထွက် လိုက်တယ် ကွာလာလမ်ပူ တဲ့ တစ်ခါမှ လဲမရောက် ဘူးသေးဘူး ဘယ်သွာရမှန်းလည်း မသိနဲ့ တောကျီးကန်းလေး လို ဖြစ်နေတယ်။ ရွှေဥာဏ်တော် အရ မြန်မာတွေ ဘယ် နေရာမှာ အများဆုံး ရှိနိုင်မလဲ ဆိုပြီးစဉ်းစားလိုက်တော့ မြန်မာဆိုင် ပေါ့.... ကဲချီတက် ပြီ ဆိုင်နာမည်က ဇေယျာ တဲ့..

တွေ့ဆုံရတဲ့မြန်မာပွဲစား
တစ်မြို့လုံးကို ပတ်ပြီးလမ်း လျှောက်လိုက်တယ်၊ ရဲဆိုတာ ကြောက်ရမှန်း လည်းမသိဘူး ၊ အဝေးပြေး ကားဂိတ် နဲ့သိပ်မဝေး တဲ့မီးပွိုင့်ထောင့် နားလေးအ ပေါ် ဒုတိယ ထပ်မှာ မြန်မာလို ရေးထားတာ တွေ့တာနဲ့ အားရ၀မ်း သာတက်ချသွားတယ် တွေ့သမျှလူတွေကို အလုပ်ရှိရင်လုပ် ပါရစေ လို့အကူ အညီတောင်း ကြည့်တယ် သူတို့ အကြည့်တွေ ကတော့ သနားစရာ သတ္တ၀ါ တစ်ကောင် ကိုတွေရတဲ့ပုံစုံ မျိုးလို အထူးအဆန်းနဲ့ ကျွန်တော် ကိုကြည့် နေကြတယ် အဲဒီလို မေး လိုက်တာ အဲဒီ ဆိုင်ကို လာသမျှ လူတွေကုန် သွားပြီလို့ ထင်တော့ ကျွန်တော် လည်း စိတ် ပျက်သွားတယ် မထူးပါဘူး မြန်မာ ထမင်းလည်း မစားရတာ ကြာပြီဆိုတော့ ထမင်းတစ်ပွဲ မှာပြီးထိုင်စား လိုက်တယ် ၊ အဲဒီလိုစားနေတုန်း အမျိုးသမီး တစ်ယောက် ကျွန်တော် အနားရောက် လာတယ် ပြီးတော့ ကျွန်တော် ကိုသေချာ ကြည့်နေတယ် ၊ ပြီးတော့ မင်းအလုပ်လုပ်မ လို့လားတဲ့ ၊ ကျွန်တော် ခေါင်းညိတ် ပြလိုက်တယ် ။ အဲဒီမှာ စမေးတော့တာပဲ ပတ်စပိုစ့်တဲ့၊ ပါမစ်တဲ့ ၊ စကားကော တတ်လားတဲ့ ဘာမှမရှိ ဘာမှမတတ်တဲ့ ကျွန်တော် ဘာပြန်ဖြေရမှန်းကို မသိဘူး၊ သူပြောတာကတော့ သူအားလုံးစီစဉ် ပေးမယ် အလုပ်က ကားအဲယားကွန်းလုပ် တဲ့စက်ရုံ လစာက တစ်လ ၁၂၀၀ လောက်ရမယ် ဒါပေမယ် တစ်လပြည့်တိုင်း သူ့ကို ၃၀၀ ပေးရမယ်တဲ့ ။ ကျွန်တော်လည်း လုပ်မယ်လို့ သဘော တူလိုက် တယ်၊ ဘာလို့လည်းဆိုတော့ အခုနေအလုပ် မရရင် နေရာဟောင်းကို ပြန်ရမယ် ဟိုမှာက တစ်လ ၄၀၀ တောင်မသေ ချာဘူးလေ၊ အဲဒါနဲ့ သူနဲ့လိုက်သွားလိုက် တယ်၊ ထမင်းတောင် ကုန်အောင်မစားလိုက်ရဘူး၊ ပြီးတော့ ဓါတ်ပုံဆိုင်မှာဓါတ်ပုံဝင်ရိုက်တယ်၊ နေရာတစ် ခုကိုသူ့ကား နဲ့လိုက်ပို့တယ် ၊ အဲဒီနေရာနာမည်က(Sungai Bulooh)စွန်ကိုင်းဘိုးလို့ တဲ့ အဲဒီမှာလည်းမြန်မာတွေရှိနေလေရဲ့ သိပ်သဘောကောင်း တဲ့မမကတော့ နောက်နေ့ကျတော့ ကျွန်တော် ကိုစက်ရုံကို လိုက်ပို့ပေးတယ်၊ ဒါပေမဲ့မနေ့ကရိုက်ခဲ့တဲ့ ဓါတ်ပုံက ပါတ် စပိုစ့် စာအုပ်တစ်အုပ်မှာ ရောက်နေလေရဲ့ ပါမစ်သက်တမ်းက ၁နှစ်နဲ့ ၈လတောင်ကျန်သေး တယ်ဗျ... အံ့ရောဗျာ.... အံ့ရော

အလုပ် သူဌေးက ဂျပန် လူမျိုး ၊အလုပ်ချိန်က မနက်၆နာရီကနေ ညနေ ၅နာရီ အလုပ်ကလည်း အေးဆေး သက်သာပါပဲ အဲဒီအလုပ်က ကျွန်တော်မလေးရှား မှာနေထိုင်ဖို့ စကားသင်ပေးလိုက်တဲ့ နေရာလေးပေါ့ ၊ အလုပ်က မိန်းကလေးတစ်ယောက် ယောကျာင်္းလေးတစ်ယောက်၊ နှစ်ယောက်တွဲ လုပ်ရတဲ့အလုပ်ပါ၊ ဘာပဲပြောပြော အဆင်ပြေ ပါတယ်။ ကျွန်တော် နောက်မှသိလိုက် ရတာက မြန်မာပတ်စပိုစ့် တစ်အုပ်ကို မလေးငွေ ၂၀၀ . ပါမစ် တစ်ရွက်ကို ၁၀၀ နဲ့အရင်းတည် ပြီး တစ်လ ၃၀၀ ပုံမှန် ရအောင်လုပ်သွား တာဗျို့.... အဲဒါပေမယ့် ကိုက မျက်စိမပွင့်သေးတော့ ၁နှစ် တိတိ ၃၀၀ ရင်းဂစ် ပေးပြီး အလုပ်လုပ်ခဲ့ရတယ် ဖြစ်ချင်တော့ အော်ပရာစီဆိုတဲ့ အသံတွေ ဆက်တိုက်ကြားရပြီးတဲ့ နောက် အလုပ်ပြုတ်ပြီးနောက် အလုပ် ထပ်ရှာရတော့ တာပါပဲ စာအုပ်လေးကတော့ အဖတ်တင် ကျန်ရစ်ခဲ့တယ်။

အဲဒီပတ်စပိုစ့် စာအုပ်လေး နဲ့မလေးရှား ကိုပတ်တာ မရောက်ဘူး တဲ့နေရာ မရှိသလောက် ပါဘဲ ... နောက်ဆုံးရောက် တဲ့နေရာဆို ရင် အားလုံး စိတ်ဝင်စား သွားမယ်... အခုတော့မရေး သေးဘူး .... ဆက်ရန်ပေါ့..... :P

0 comments:

Post a Comment

 
◄Design by Pocket