အခုဒီ ပိုစ့်ကို ကြားဖြတ် အစီအစဉ် အနေနဲ့ တင် ရခြင်းဖြစ်ပါတယ် ဘာဖြစ် လို့လည်း? ဘာကြောင့်လည်း? ဆိုတဲ့မေးခွန်း တွေ ကျွန်တော် အတွေးထဲမှာ နေ့စဉ်ရက်ဆက် နှိပ်စက် နေသောကြောင့်ပါ။ အဲဒီလိုပဲ မဖြစ်သင့် ဘူးဆိုတဲ့ အကြောင်းအရာပေါင်း မြောက်များစွာ နဲ့ ကြေကွဲ ၀မ်းနည်းစွာ ခံစားနေရပါ တယ် ။
အကြောင်းအရာများ
၁။ မုန်တိုင်း မကျရောက် မှီ ၅ရက်ခန့် ကြိုတင်၍ မုန်တိုင်းဖြစ်မည်ကို သိရှိပါလျှက် အဘယ်ကြောင့် ဤမျှ ဒုက္ခဆိုး ကိုခံရပါသနည်း။
၂။ အိန္ဒိယ မိုးလေ၀သ ဌာနမှ ကြိုတင် အကြောင်းကြား ပါလျှက် ပြည်သူ လူထု မသိရအောင် မြန်မာ့ မိုးလေ၀သ ဌာနမှ ၀န်ထမ်းများ
ဘာတွေ လုပ်နေကြပါသနည်း။
၃။ ၂၉ ရက်နေ့ မြန်မာ့သတင်း တွင် မုန်တိုင်းမှာ အားကောင်း ခြင်းမရှိတော့ဘဲ အရှေ့မြောက်သို့ သွေဖီကာ ၁ နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင် အထိ သာတိုက် ခတ်မည် ဟု အဘယ့်ကြောင့် ကြေငြာရပါ သနည်း။
၎။ မုန်တိုင်း မကျရောက် မီ ပြည်သူလူထုအား အဘယ့်ကြောင့် ဘေးလွတ်ရာ သိုမပြောင်းရွေ့ ခိုင်းပါသနည်း။
၅။ သဘာဝ ဘေးအ န္တရာယ် အတွက် အဘယ့်ကြောင့် မြန်မာပြည် တွင် ကြိုတင် ကာကွယ်မှု မရှိရ သနည်း။
၆။ မသေသင့် ဘဲ အဘယ့်ကြောင့် လူများသိန်းချီ သေရသနည်း။
ကျွန်ုပ်ဧ။် အတွေး အမြင်
မုန်တိုင်းမကျရောက်မီ ၅ ရက် ကြိုတင်၍ ကမ္ဘာ့ သတင်းများတွင် ကြေငြာ နေပါပြီ ထိုသတင်းများ ကိုမြန်မာ ပြည်သူများ မသိရှိ ရခြင်းမှာ....
၁။ မြန်မာပြည် တွင် သီတင်းလွတ်လပ်ခွင့် မရှိခြင်း။
၂။ အချိန်ပြည့် အတင်းပြောနေသော မြန်မာ့အသံ ကြောင့် ပြည်သူများ ရေဒီယို နားထောင်လို စိတ်မရှိတော့ခြင်း။
၃။ ခောတ်မှီ သောစက် ပစ္စည်းများ ပြည်သူ့ အကြိုးပြု လုပ်ငန်းများတွင် မရှိခြင်း။
၎။ ပြည်သူလူထု ဧ။် အသက် အိုးအိမ် စည်းစိမ်ကို တပ်မတော် အာဏာတည်မြဲရေး လောက်ဂရုမစိုက်ကြခြင်း။
၅။ စဉ်းစားဆင်ခြင်ဥာဏ် နည်းပြီး ဗဟုသုတ မရှိသော မျက်ကန်းများ အား ၀န်ကြီး အဖြစ်ခန့် ထားခြင်းတို့ကြောင့်ဟု ကျွန်ုပ် မြင်ပါသည်။
အကျယ်ရှင်းလင်းချက်
သတင်းလွတ်လပ်ခွင့်
မြန်မာပြည်တွင် မည်သည့်သတင်း အကြောင်း အရာမှ ပြည်သူလူထု မဆွေးနွေးရဲကြ။ အဘယ့်ကြောင့်ဆိုသော် မိမိ နားထောင်သော သတင်းသည် ဘီဘီစီ၊ အာအဖ်အေ၊ ဒီဘီဗွီ စသော ဌာနများမှ ဖြစ်လျှင် မိမိပြောပြ သောသူမဟုတ်သော အခြား တစ်ယောက် သည် ကြံ့တစ်ပိုင်းဖွတ်တစ်ပိုင်း ဖြစ်ပါက ပြဿနာများ မဖိတ်ခေါ်ပဲ ရောက်လာတတ် ပေသည်။
မြန်မာ့အသံ
နာမည်တော့ ခံထားပါရဲ့ တစ်ခါမှ ဟုတ်တိုင်း မှန်ရာကြေငြာခြင်း မရှိ ကြာလာတော့ နားထောင်ချင်စိတ် မရှိတော့ဘူး။ သတင်းစာ ရှင်း လင်းပွဲက အစ ပေါ့ ပြည်သူလူထုက စိတ်ကိုမ၀င်စား တော့ဘူး။
ပြည်သူ့အကျိုးပြုလုပ်ငန်း
ကျမ္မာရေး၊ ပညာရေး ကအစ အားလုံးကိုထူကိုထ၊ သံယံဇာတ အလွန်ပေါတဲ့ မြန်မာပြည် မှာ ဘယ်အရာမှ အဆင့်အတန်း မှီတယ် လို့မရှိဘူး နိုင်ငံတကာ ကိုသစ်တွေ ရောင်းစားနေတဲ့ တိုင်းပြည် သစ်ဖြတ် ကိရိယာ တောင်လုံလောက် အောင်မသုံးစွဲနိုင်ဘူး။ ပြည်သူ့ အခွန်ဘဏ္ဏာတွေ ဘယ်တွေရောက်ကုန်လဲ၊ ပြည်သူအကြိုးပြု လုပ်ငန်းကို ဘယ်ခေါင်းဆောင်မှ ထိထိရောက်ရောက် မလုပ်ပဲ ထိုင်ခုံ ကိုသာရွှေချ နေသောကြောင့်ဖြစ်ပါတယ်။
မုန်တိုင်းပြီးချိန်
အရေးပေါ် လိုအပ်ချက် အရ ကယ်ဆယ်ရေးလုပ်ငန်းကို အလျှင်အမြန် ဆောင်ရွက် ရမည့်အချိန် ဘယ်ဝန်ကြီး ဘာတွေ လုပ်ပါသလဲ အားလုံး သိနေပါတယ် ဗွီဒီယို ရိုက်နေတယ်၊ နယ်ဘက်တွေမှာ အတင်းအကျပ် ထောက်ခံမဲ ရဖို့ ကြိုးပမ်းနေတယ်၊ အမှန်တကယ် ဆိုရင် ပြည်သူပိုင် ရေယာဉ်တွေ အများကြီးပါ ချက်ချင်းသွားပြီး ကယ်ဆယ်ပို့လုပ် ဆိုတဲ့ အမိန့် တစ်ခုထဲနဲ့ ပြီးပါတယ်၊ ပြည်သူ လူထုဆီက လို ချင်တာများပြီး ဘာတစ်ခုမှပြန်မပေး ချင်ဘူးဆိုတာ.....
ဝန်ကြီး
ဘယ်လိုကဘယ်လို ၀န်ကြီးဖြစ်လာတယ်တော့ မသိ တစ်ကမ္ဘာလုံးက မိုလေ၀သ ဌာနတွေက အကြိမ်ကြိမ် သတိပေး နေပါလျှက် စိတ်ကူးနဲ့ ရမ်းတုတ် မှော်ဆရာလိုလို ဗေဒင်ဆရာလိုလို တွက်ချက်ပြီး သတင်းထုတ် တစ်ခုမှလည်း မဟုတ် မမှန်နဲ့ သူတင်မဟုတ် သူနှင့်အတူ သူ့နောက်က ၀န် ထမ်းလေး တွေလဲကျန်သေးတယ် ပြည်သူဆီကလစာကို လိမ်စားနေတဲ့ ပုဂ္ဂုလ်လေးတွေ သူတို့ကိုသူတို့ (၀န်ထမ်း) ဆိုပဲ ဟုတ်တော့ဟုတ်ပါတယ် ၀န်ကြီး ကိုထမ်းနေရတာလေ...
အခုတော့ သေကုန်ပြီ မြန်မာပြည် မှာမွေး မြန်မာလူမျိုးတွေ ၊ သူတို့အထင်တော့ သေတာနည်းသေး လို့ထင်တယ် နိုင်ငံတကာ ကယ်ဆယ် ရေး နဲ့ အကူအညီ ပေးမဲ့ အဖွဲ့တွေကို ပြည်ဝင်ခွင့်မပေး သေးတာ၊ အံ့ပါရဲ့ဗျာ ကိုယ်တိုင် လဲ ဟုတ်တိပတ်တိ မလုပ်နိုင် သူ များ လုပ်ပေး ပါမယ် ဆိုတော့လည်း ...... ပြောကြပါအုံးမယ် ပြည်ပအားကိုး တယ်လို့ ... မဖြေရှင်းပါဘူး... ဟိုပုဂ္ဂိုလ်ကြီးတွေ မှာဘာအ ရည် အချင်းမှမရှိ ဘူးဆိုတာ သိနေလို့ပါဗျာ ။
ကျွန်ုပ်တို့ မြန်မာလူမျိုး များသည် အမှန်တကယ် ခေါင်းဆောင်ကောင်း များအတွက် အသက်ပါ ပေးဆပ်ရဲကြပါတယ် ဒါပေမဲ့ ခေါင်းဆောင်တွေ မဟုတ်တာလုပ် ရင် ပြောဆိုရဲတဲ့ သတ္တိရှိ တဲ့လူ တော်တော် နည်းသေး တာ စိတ်မကောင်းစရာ ပဲဗျာ။

0 comments:
Post a Comment