Wednesday, November 28, 2007

ဗုဒ္ဓရံသီ ဘုန်းတော်ကြီးကျောင်း (ဒိန်းမတ်)

Wednesday, November 28, 2007 0
ဗုဒ္ဓရံသီ ဘုန်းတော်ကြီးကျောင်း (ဒိန်းမတ်)
ကမ္ဘာ့သာသနာပြု ပုဂ္ဂိုလ် ပီနန်ဆရာတော် ဘုရားကြီး ဦးပညာဝံသ ခေါင်းဆောင်ပြီး သံဃာ၅ပါး ပါဝင်သော အဖွဲ့သည် ဥရောပသို့ သာသနာပြု ခရီးထွက်ခဲ့စဉ် ဒိန်းမတ်နိုင်ငံသို့ ၂၀၀၆ ခုနစ် ဒီဇင်ဘာလတွင် ရောက် ရှိခဲ့ ပါသည်။
နိုင်ငံခြားတွင် ဘာသာ သာသနာနှင့်ဝေးကွာပြီး ဒိန်းမတ် နိုင်ငံတွင် ရောက်ရှိနေထိုင်ကြကုန်သော ဗုဒ္ဓဘာသာ ၀င် ဒါယိကာ၊ ဒါယိကာမ များ၏ လျှောက်ထားချက်အရ ပီနန်ဆရာတော် ဘုရား ကြီး ဦးပညာဝံသမှ ဒိန်းမတ်နိုင်ငံတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း တည်ဆောက်နိုင်ရေးအတွက် လန်ဒန်ဆရာတော် ဦးဥတ္တရအား တာဝန်ပေး အပ်ခဲ့ပါသည်။ ၂၀၀၇ ခုနှစ် ဧပြီလတွင် လန်ဒန်ဆရာတော် ဦးဥတ္တရဦးစီပြီး ဘုန်းတော်ကြီးကျောင်း ၀ယ် ယူနိုင်ရေး အတွက် ဒိန်းမတ်နိုင်ငံရောက် ဒါယိကာ၊ ဒါယိကာမ များထံမှအလှုငွေ ကောက်ခံခဲ့ရာ စုစုပေါင်းအလှုငွေ ၁၀၆၁၀၀ ခရိုနာ ရရှိခဲ့ပါသည်။
လစဉ်ကျေးငွေ များ ကိုလည်း ဆက်လက်ကောက်ခံခဲ့ရာ စုစုပေါင်းအလှုငွေ ဒိန်းမတ်ငွေ ၂၆၄၇၀ ခရိုနာ ရရှိခဲ့ပါသည်။ ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေး ကော်မတီ တရပ်ကိုလည်းဖွဲ့စည်းခဲ့ပါသည်။ သို့သော် ဒိန်းမတ်အစိုးရထံ သို့ တရားဝင် မှတ်ပုံတင် နိုင်ရေး အတွက်ကြိုးပမ်းအားထုတ်စဉ် ဘာသာစကားခက်ခဲမှုရှိခဲ့၍ နှေက်နှေးမှု များရှိခဲ့သည်ကို ခွင့်လွှတ်နားလည်ပေးကြပါရန် အနူးအညွတ် ၀န်ခံ တောင်ပန်အပ်ပါသည်။
ယ္ခုအချိန်တွင် ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေး ကော်မတီ ၏ ကြိုးပမ်းအားထုတ်မှု ကြောင့် တရားဝင် စာရွက်စာတမ်း များ ပြီးမြောက်တော့မည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ဗုဒ္ဓရံသီဘုန်တော်ကြီးကျောင်းဝယ်ယူလည်ပတ်နိုင်ရေးအတွက် ဒိန်းမတ်နိုင်ငံရောက် ကျန်ရှိ နေသေးသော ဗုဒ္ဓဘာသာ ဒါယိကာ၊ ဒါယိကာမများ၊ နှင့် နိုင်ငံတကာမှ အမျိုးကောင်းသား အမျိုးသမီး များအား ထပ် လောင်း နိုးဆော် အပ် သည် မှာ. သဒ္ဒါတတ်အား နည်းများမဆို ဗုဒ္ဓရံသီ ဘုန်းတော်ကြီးကျောင်း အတွက် မတည်ငွေ နှင့်လစဉ်ကျေး ငွေများကို ပါဝင် လှုဒါန်းကြပါရန် နိဗ္ဗာန်ကို အကျိုး မျှော်၍ လေးလေးနက်နက် တိုက်တွန်းနှိုးဆော်အပ်ပါသည် ခင်ဗျား။


အလှုငွေများကို..........


Buddha Ramsi
Spar Bank
BANK ACC NO.(8119-0004608755)
Denmark
တွင်ပေးပို့လှူဒါန်းနိုင်ပါသည်။


တယ်လီဖုန်း


+45 96 71 20 71
+45 75 22 05 32
+44 20 82 05 02 211
တွင်ဆက်သွယ်မေးမြန်းနိုင်ပါသည်။




ဗုဒ္ဓရံသီ ဘုန်းတော်ကြီကျောင်း
ဖြစ်မြောက်ရေးကော်မတီ



မှတ်ချက်။ ။ ကျောင်းဆောက်လုပ်ရန် ဒိန်းမတ်ခရိုနာ ၁၀ သိန်းကျော်ကုန်ကျမည် ဖြစ်ပါသည်။


အပြည့်အစုံသိချင်ပါကဒီမှာကလစ်ပါ။


Sunday, November 25, 2007

ဓါတ်ပုံနှင့်လင့်တင်ချင်း..

Sunday, November 25, 2007 0
မိမိဖေါ်ပြချင်သောနေရာအားဓါတ်ပုံနှင့်ဖေါ်ပြနိုင်ပါသည်။ ပြုလုပ်ပုံမှာ.... ပထမအနေနဲ့ ဓါတ်ပုံ၏ဆိုဒ်ကိုပြင်ဆင်ပါ။ ပြီးပါက ဓါတ်ပုံကိုဆိုဒ် တစ်ခုခုသို့ upload ပါ။ ထိုနောက် အောက်ကကုဒ်များကိုကူးယူပါ။



<a href="ညွှန်းလိုသောနေရာ၏ url" target="_blank"> <img src="ဖေါ်ပြလိုသောဓါတ်ပုံ၏ url" width="225" height="151" alt="နာမည်" / > </ a>

မိမိဖေါ်ပြချင်သောနေရာတွင်အထက်ပါ
အတိုင်းပြုလုပ်ကြည့်ပါ အကျယ် နှင့် အမြင့်ကိုစိတ်တိုင်းကျထားနိုင်ပါသည်။



Saturday, November 24, 2007

ဒါကတော့ကောမန့်ဘောက်စ်လေးပါ။

Saturday, November 24, 2007 0






< the_content(); ?><form method="post" action=" ">
<textarea name="comments" cols="40" rows="5">
Enter your comments here...
</ textarea><br>
<input type="submit" value="Submit" / >
</ form>
< the_content(): ?>

အပေါ်ကကုတ်တွေကို မိမိကြိုက်သလို အသုံးပြုကြည့်ပါ။

Friday, November 23, 2007

ဒါကတော့ရိုးရိုးဇယားကွက်လေးပါ။

Friday, November 23, 2007 0












Table Cell
Table Cell
Table Cell
Table Cell


<pre><table border="1" cellpadding="3" cellspacing="0"> <tbody><tr> <th>Heading 1</ th> <th>Heading 2</ th> <th>Heading 3</ th> </ tr> <tr> <td>Column 1</ td> <td>Column 2</ td> <td>Column 3</ td> </ tr> </ tbody></ table> </ pre>

မျိုးဆက်သစ်လူငယ်ကလေးများ







Thursday, November 22, 2007

ဓါတ်ပုံများ

Thursday, November 22, 2007 0

Wednesday, November 21, 2007

မြန်မာသီချင်းများ

Wednesday, November 21, 2007 0

ဘက်ဂရောင်းသီချင်း



ဒီစာကို ဓါတ်ပုံစံနစ်နဲ့လုပ်ထားပါတယ်။ ထည့်ရမယ့်နေရာကTemplate ထဲ က head ရဲ့ အောက်မှာပါ။

Sunday, November 18, 2007

မီဒီယာတိုက်ပွဲ နှင့် မြန်မာဘလော့ဂ်များ ဘာလဲ ဘယ်လဲ

Sunday, November 18, 2007 0
http://www.khitpyaing.org/articles/october_2007/24-10-07_bloggers.php
လွန်ခဲ့သော စက်တင်ဘာလ နောက်ဆုံးပတ်နှင့် အောက်တိုဘာလ အစောပိုင်းရက်များတွင် ဖြစ်ပွားခဲ့သော မြန်မာပြည်သူ ရဟန်းရှင်လူတို့၏ ဆန္ဒထုတ်ဖော်ပွဲများတွင် မြန်မာ ဘလော့ဂ်များကလည်း အရေးပါသော အခန်းကဏ္ဍတခုမှ ပါဝင်ခဲ့ကြကြောင်း အများအသိပင် ဖြစ်သည်။
တိုးတက်လာသော နည်းပညာနှင့်အညီ ပရော်ဖက်ရှင်နယ် သတင်းထောက်များသာမက သာမန် မြန်မာပြည်သူများကပါ ကိုယ်ထူကိုယ်ထ ပေးပို့သော သတင်းဓာတ်ပုံဗီဒီယိုများကို ဒစ်ဂျစ်တယ်လှိုင်းများမှ ဖြတ်သန်းကာ ဘလော့ဂ်များ နိုင်ငံတကာမီဒီယာများသို့ စီးဆင်းစေလိုက်သောအခါ အဖြစ်အပျက်များက ကမ္ဘာ့လူထုရှေ့မှောက်သို့ မျက်ဝါးထင်ထင် လျင်လျင်မြန်မြန် ရောက်ရှိသွားတော့သည်။ စစ်အစိုးရအတွက်ရုတ်တရက် ထိန်းချုပ်၍ မရလောက်အောင် အငိုက်မိကာ မြန်မာ့အရေးသည် ကမ္ဘာအရပ်ရပ်ရှိ ပြည်သူများ၊ အစိုးရများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့ပါသည်။
ထို့ကြောင့်ပင် စစ်အစိုးရက ကင်မရာများကို ရှာဖွေသိမ်းဆည်းခြင်း၊ ကင်မရာ ကိုင်ဆောင်သူများကို ဖမ်းဆီးခြင်း၊ ဆန္ဒဖော်ထုတ်ပွဲများတွင် ကိုယ်တိုင် ပါဝင်သူများသာမက ဘေးက အားပေးကြည့်ရှုသူများကိုပင် ဖမ်းဆီးခြင်းများဖြင့် သတင်းယူသူများကို အနှောင့်အယှက် ပေးပါတော့သည်။ ပထမပိုင်းတွင် သတင်း ဖြန့်ချိပေးသော ဘလော့ဂ်အချို့ကို ဖတ်ရှုခွင့်မရအောင်ပိတ်၊ နောက် ဘလော့ဂါဒေါ့ကွန်း တခုလုံးကိုပါပိတ်၊ နောက်ဆုံး အင်တာနက်ကိုပင် အချိန်တခုအထိ ဖြတ်တောက်လိုက်ရသည်အထိ သတင်းစီးဆင်းမှုကို ပိတ်ဆို့လိုက်ရလေသည်။
မြန်မာဘလော့ဂ် အသိုင်းအ၀ိုင်းကို လေ့လာကြည့်ပါက ဘလော့ဂ် ရေးခြင်းဖြင့် လွတ်လပ်မှု၏ တန်ဖိုးကို ပိုမိုသိမြင် နားလည်နိုင်သည်ဟုဆိုလျှင် လွန်မည်မထင်ပါ။ ဘလော့ဂါအများစုသည် မိမိတို့၏ ဆန္ဒမှန်ကို ထုတ်ဖော်ပြောပြခွင့် အလျဉ်းမရှိသော အုပ်ချုပ်မှုဆိုးကြီးအကြောင်းကို ဘလော့ဂ်ရေးရင်း ခံစားနိုင်သော လွတ်လပ်ခြင်း၏အရသာ တခုတည်းနှင့် နှိုင်းယှဉ်ရုံဖြင့်ပင် အမှန်အတိုင်း သိမြင်နိုင်ကြပေသည်။ ဘလော့ဂ်လမ်းညွှန်စာရင်းအရ နိုင်ငံတကာမှ ရေးသားနေသော မြန်မာဘလော့ဂ်ပေါင်း ထောင်ဂဏန်းရှိသည့်အနက် ပုံမှန်ရေးသား သွားလာ အသက်ဝင်နေသော မြန်မာဘလော့ဂ်များမှာ ရာဂဏန်းရှိပါသည်။ ထိုအထဲတွင် အများစုမှာ မျက်စိပွင့် နားပွင့်ကာ အမှန်ကိုမြင်သူ လွတ်လပ်မှုကို ချစ်မြတ်နိုးသူများ ဖြစ်ကြသည်ကို အရေးအသားများ ဖတ်ကြည့်လျှင် အထင်အရှား သိနိုင်ပါသည်။
မြန်မာဘလော့ဂ်များသည် ဆန္ဒထုတ်ဖော်ပွဲများ ဖြစ်ပွားစဉ်ကာလက သတင်းဖြန့်ဝေပေးခြင်းတွင် အရေးပါခဲ့ရုံသာမက ကာလအချိန် အတော်ကြာကြာကပင် လွတ်လပ်မှုနှင့် ဒီမိုကရေစီ သဘောတရားများဖြင့် လင်းလက်တောက်ပြောင်စွာ ထင်ဟပ်လျက်ရှိခဲ့ကြပါသည်။ ဘလော့ဂ် မျိုးစုံကို ဖြတ်သန်းကာ ဖတ်ရှုလိုက်လျှင် နိုင်ငံရေးအကြောင်း ရေးသားသော ဘလော့ဂ်ဖြစ်စေ ရိုးရိုးသာမန် အကြောင်းအရာများ ရေးသားသော ဘလော့ဂ်ဖြစ်စေ ခေတ်၏ တောင်းဆိုမှုများဖြင့် တနည်းမဟုတ်တနည်း ရိုးသားစွာ ဖွင့်ဟလျက်ရှိနေသည်ကို တွေ့မြင်နိုင်ပါသည်။
သို့သော် စစ်အစိုးရ၏ အာဘော်အတိုင်း ရေးသားနေသော ပြည်တွင်းပြည်ပ ဘလော့ဂ်အချို့လည်း ရှိပါသည်။ မိမိတို့လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ရှိသော ဘလော့ဂ်၏ သဘောသဘာဝအရ မည်သည့်ဘလော့ဂါမဆို လွတ်လပ်စွာ ကွဲလွဲခွင့်နှင့် ခြားနားသော အတွေးအခေါ်ကို ဖော်ပြပိုင်ခွင့်ရှိပါသည်။ သို့သော် မရိုးဖြောင့်သော သဘောဖြင့် ဆင်သေကို ဆိတ်သားရေဖြင့် ဖုံးချင်လာလျှင်တော့ အမှန်သိမြင်သူ လူအများ၏ ကန့်ကွက်ခြင်း လွတ်လပ်စွာ ဝေဖန်ခြင်းကိုလည်း ခံရပေမည်။ ထိုအခါတွင် မိမိတို့ အရေးအသား သတင်းဝါဒဖြန့်မှုများ လိမ်ညာမှုများကို လူအများကလက်မခံကြောင်း သဘောပေါက် ၀န်ခံသင့်ပေသည်။
လောလောဆယ် အနေအထားတွင် စစ်အစိုးရ အလိုတော်ရိဟု ယူဆစရာ ဖြစ်နေသော ဘလော့ဂ်အချို့တွင် အောက်ပါအတိုင်း ကဏ္ဍများခွဲ၍ အထူးပြု ရေးသားကြသည်ကို ကြည့်လျှင် တစုံတဦးက သေသေချာချာ ညွှန်ကြားချက်ပေးကာ စီမံထားသလားဟုပင် ထင်ရပါသည်။
ဒီမိုကရေစီနိုင်ငံများကို အပြစ်ရှာကာ ဒီမိုကရေစီ သဘောတရားကို ယုံကြည်မှု ပျက်ပြားအောင် ရေးသားခြင်းစစ်အစိုးရသတင်းစာများတွင် ရေးသားသည့် အာဘော်များအတိုင်း ၀ါဒဖြန့်ခြင်းသတင်းမှန်တခုထွက်လာလျှင် ထင်ယောင်ထင်မှားဖြစ်အောင် တန်ပြန်ချေပခြင်းဒီမိုကရေစီ လိုလားသူများကို မခံချင်အောင် ရန်စတိုက်ခိုက်ခြင်းယခုနောက်ပိုင်း ထွက်ပေါ်လာသည့် ဘာသာရေးသက်သက် ဟုထင်မြင်အောင် ရေးသားထားသော ဘလော့ဂ်များမှနေပြီး လူထုငြိမ်ဝပ်နေစေရေးအတွက် ဗုဒ္ဓဘာသာမှ လိုရာအပိုင်းကို ဆွဲယူ ရေးသားကာ တိုက်တွန်းခြင်းထို့အပြင် ဆန္ဒဖော်ထုတ်ပွဲများ အရှိန်အမြင့်ဆုံးဖြစ်စဉ် စစ်တပ်က စတင်ပစ်ခတ် နှိမ်နင်းစဉ်ကာလကလည်း သတိထားမိလိုက်ပါသေးသည်။ ဒီမိုကရေစီနိုင်ငံများကို အပုပ်ချရေးလေ့ရှိသော ဘလော့ဂ်တခုက မစ္စတာ ဂမ်ဘာရီ မြန်မာပြည်ရောက်နေချိန်ဝယ် လူအားလုံးကို အိမ်ထဲမှာသာနေကာ မေတ္တာပို့နေရန် တိုက်တွန်းထားခဲ့သည်။ဗုဒ္ဓဘာသာ၏ မေတ္တာတရား ငြိမ်းချမ်းရေးတရားကို အယောင်ပြကာ လက်တွေ့မကျသော လမ်းကြောင်းဖြင့် တိုက်တွန်းထားခြင်းသည် ဟုတ်သယောင်ရှိသဖြင့် တချို့လူများပင် ခေတ္တ နားယောင်မိသွားကြသည်ကို မှတ်ချက်များအရ သိရှိနိုင်ပါသည်။ ထိုပုဂ္ဂိုလ်ရေးသားပြီး မရှေး မနှောင်းတွင် ပြည်တွင်းမှ ပြည်သူတဦး အမည်ဖြင့် သတင်းဘလော့ဂ် ပိုင်ရှင်များထံသို့ စာတစောင် အီးမေးလ်မှတဆင့် ပေးပို့လာပါသည်။ စိတ်ဝင်စားစရာကောင်းသည်မှာ ထိုပြည်သူတဦးဆိုသူ၏ တိုက်တွန်းချက်မှာ အနှီဘလော့ဂါပုဂ္ဂိုလ်၏ အကြံပြုချက်နှင့် တိုင်ပင်ထားသကဲ့သို့ (၀ါ) ညွှန်ကြားချက် တခုတည်းအောက်တွင် ရှိနေသကဲ့သို့ သဘောချင်း ထပ်တူညီနေခြင်း ဖြစ်သည်။
လွတ်လပ်ရေးနှင့် ဒီမိုကရေစီလိုလားသူ ဘလော့ဂါများကို ဆဲဆိုတိုက်ခိုက်ခြင်းများလည်း ခေတ်စားလျက်ရှိပါသည်။ အထူးသဖြင့် အမျိုးသမီး ဘလော့ဂါများကို အရှက်ရအောင်စိတ်ပျက်ကာ ဘလော့ဂ်မရေးချင် လာတော့သည်အထိ ညစ်ညမ်းသော စကားလုံးများဖြင့် တိုက်ခိုက်လာခြင်း ဖြစ်ပါသည်။ ဆီပုံးဟု မြန်မာဘလော့ဂ်လောကတွင် ခေါ်ဝေါ်ကြသောC box များတွင် ဒီမိုကရေစီရေးလှုပ်ရှားသူများ ဒေါသထွက်အောင် မထိတထိရန်စခြင်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများဖြင့် အပြန်အလှန် ဆဲရေးသယောင် ရေးသားခြင်းများသည် စာဖတ်သူများကို အလွန် မျက်စိရှုပ်ထွေး စိတ်ပျက်စေပါသည်။
ဘလော့ဂ်ရေးသူများကို စိတ်ပျက်အောင် အဝေးက ကွန်ပျူတာရှေ့ထိုင်ကာ လှုပ်ရှားနေသည်မှာ အလကားဖြစ်ကြောင်း အကျိုးမရှိကြောင်း စသည်ဖြင့် စိတ်ဓာတ်ပျက်ပြားစရာ စကားများဖြင့် လာရောက်မှတ်ချက်ချခြင်းကိုလည်း မမှုကြရန် လိုအပ်ပါသည်။ တိုက်ကြခိုက်ကြမည်၊ သတ်ကြ ဖြတ်ကြမည် စသည်ဖြင့် အစွန်းရောက်ပြောဆိုခြင်း စစ်တပ်ကိုအသားလွတ် ဆဲရေးခြင်းများဖြင့် လူထုထောက်ခံမှုကို ပျက်ပြားစေသော အပြောအဆိုများကိုလည်း မသင်္ကာဖွယ်ရာ တွေ့ရပါသည်။
ဘလော့ဂ်များမှ အချိန်နှင့်တပြေးညီ တင်ပြလာသော သတင်းဓာတ်ပုံများကို ကမ္ဘာကစိတ်ဝင်တစား အဆက်မပြတ် ဖတ်ရှုနေချိန်တွင် သတင်းဘလော့ဂ်များသို့ သတင်းမှားများ မသက်ဆိုင်သော ဓာတ်ပုံအမှားများကို ပေးပို့လာသည်ကိုလည်း တွေ့ရပါသည်။ မီဒီယာကို မီဒီယာဖြင့် တိုက်မည်ဟူသော စစ်အစိုးရ ပြန်ကြားရေး၏ ပေါ်လစီအရ တိုက်ခိုက်လာခြင်း ဖြစ်နိုင်ပါသည်။ သတင်းဘလော့ဂ်များ အနေဖြင့် သံသယဖြစ်ဖွယ် သတင်းတခုရလာလျှင် တခုနှင့်တဦး ဆက်သွယ်တိုင်ပင်ကာ အတည်ပြုချက် ရယူရပါမည်။ ထို့ကြောင့် အနည်းဆုံး သတင်းတင်ရန် အချိန်နှောင့်နှေးခြင်း၊ သတိလွတ်သွားပါက သတင်းအမှားကို တင်မိခြင်းအထိ ဖြစ်စေရန် တိုက်ခိုက်ခြင်း ဖြစ်ပါသည်။ ဘလော့ဂ်များမှ သတင်းများကို ယုံကြည်အားထားမှု လျော့ကျစေရန် ရည်ရွယ်ခြင်း ဖြစ်နိုင်ပါသည်။ သတင်းဘလော့ဂ်ရေးသူများ အထူးသတိပြု ဖွယ်ဖြစ်ပါသည်။
ဒီမိုကရေစီ တိုက်ပွဲများတွင် မြန်မာဘလော့ဂ်များ၏ ထိရောက်မှုကို ကောင်းကောင်းသိပါလျက် တုန်လှုပ်နေပါလျက် စစ်အစိုးရက မြန်မာဘလော့ဂ်များနှင့် တိုက်ရိုက် ပတ်သက်သည့် လှုပ်ရှားမှုများကို အခုအချိန်အထိ သိသိသာသာ မလုပ်သေးသည်မှာ စဉ်းစားစရာဖြစ်သည်။ ဆင်ကြံကြံနေခြင်းသာ ဖြစ်နိုင်ပါသည်။ လမ်းပြမြေပုံ (၇) ချက် အတိုင်းဆက်သွားမည်ဟု ခေါင်းမာမာကြွေးကြော်ထားသော စစ်အစိုးရသည် ဆန္ဒဖော်ထုတ်ခဲ့သူများကို ဖမ်းဆီးချုပ်နှောင်နေသလို တစ်ဖက်ကလည်း စစ်အစိုးရ အလိုတော်ရိ စွမ်းအားရှင်ကြံ့ဖွတ်များကို ရှေ့တန်းထုတ်ကာ ပြည်သူလူထုကို အတင်းအကျပ်ဖိအားပေး ပါဝင်ခိုင်းသည့် ညီလာခံထောက်ခံပွဲများနှင့် တန်ပြန်ဆန္ဒပြပွဲများကို ကျင်းပနေပါသည်။ အင်တာနက် ကမ္ဘာတွင်လည်း စစ်အစိုးရ ဆက်လှမ်းလာမည့် ထိုနည်းဆန်ဆန် ခြေလှမ်းများကို ခန့်မှန်းကြည့်နိုင်ပါသည်။
ထို့ကြောင့် နောက်တဆင့်တက်ကာ ဘလော့ဂ်ကိုလည်း ဘလော့ဂ်ဖြင့်ပင် ပိုမို တိုက်ခိုက်လာနိုင်ဖွယ်ရှိပါသည်။ လောလောဆယ်ရှိနေသော နအဖအလိုတော်ရိဆန်ဆန် ဘလော့ဂ်များအပြင် စွမ်းအားရှင် ဘလော့ဂ် အများအပြား ထပ်မံ မွေးထုတ်လာနိုင်ပါသည်။ ဆန္ဒ ဖော်ထုတ်ပွဲများတွင် စွမ်းအားရှင်များကို နေ့စား အခပေး၍ ရဟန်းရှင်လူများကို ရိုက်နှက် နှိမ်နင်းခိုင်းသော စစ်အစိုးရသည် ငွေကြေးထောက်ပံ့၍ ဘလော့ဂ်သင်တန်းပေးကာ အလိုတော်ရိ ဘလော့ဂါ အများအပြားကို နေ့ချင်းညချင်း မွေးထုတ်လာရန်မှာ ခက်ခဲသော ကိစ္စမဟုတ်ပါ။
ယခုအချိန်တွင် မြန်မာဘလော့ဂ်များကို လိုက်လံဖတ်ရှုကြည့်ပါက လွတ်လပ်ရေးကိုတောင်းဆိုသောအသံများဖြင့် ညံလျက်ရှိနေပေသည်။ ထို့ကြောင့် တန်ပြန်ဆန္ဒပြပွဲများနည်းတူ စစ်အစိုးရကိုထောက်ခံကာ ဒီမိုကရေစီလှုပ်ရှားမှုများကို အပုပ်ချသောအသံများလည်း ဘလော့ဂ်လောကတွင် များပြားလာအောင် တနည်းနည်းဖြင့် လှည့်ဖြားကြံဆောင်လာနိုင်ပါသည်။
ကောက်ကျစ်သော နည်းလမ်းများနှင့် စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှု (Psychological Warfare)ကို လိုအပ်လျှင်သုံးဖို့ ၀န်မလေးခဲ့သူ စစ်အစိုးရသည် နိုင်ငံရေးအရောင် ကင်းရှင်းသော စာပေ အနုပညာ ဘလော့ဂ်၊ ဘာသာရေးဘလော့ဂ် စသည်ဖြင့် အယောင်ပြကာ လက်ရှိဘလော့ဂါများနှင့် ရင်းနှီးမှုရယူခြင်း၊ ထို့နောက် ဒီမိုကရေစီလိုလားသူ ဘလော့ဂါ အချင်းချင်း သွေးကွဲစေရန် မလိမ့်တပတ် ကြံဆောင်ခြင်းများလည်း လုပ်လာနိုင်ပါသေးသည်။ ဘလော့ဂါများအားလုံးမှ စည်းလုံးမှုမပျက်ပြားစေပဲ သတိထားရန် လိုအပ်ပါသည်။ ဘလော့ဂ်ဖတ်ရှုသူများ အနေနှင့်လည်း ဖတ်ရှုရုံသာမက အချိန်ပေးကာ မိမိတို့ခံစားချက် သဘောထားများကို ထင်ဟပ်စေသော ဘလော့ဂ်များ စတင်ရေးသားလာကြစေလိုပါသည်။
အတုအယောင်များ တိုက်ခိုက်မှုများဖြင့် ပိုမိုဝင်ရောက် ခြေရှုပ်လာနိုင်သော မြန်မာဘလော့ဂ် လောကကို ဘလော့ဂါများက မျက်ခြည်မပြတ် စောင့်ကြည့်နေပါသည်။ တုန်လှုပ်စရာတော့စိုးစိမျှ မလိုပါလေ။ အဘယ်ကြောင့်ဆိုသော် တပါးသူ၏ အမိန့်တစုံတရာအောက်ဝယ် မက်လုံး ကြောင့်ဖြစ်စေ၊ ကြောက်ရွံ့မှုကြောင့်ဖြစ်စေ တံလျှပ်ကို ရေထင်ကာ ၀ိုးတ၀ါး ရေးသားရသူများသည် မိမိကိုယ်ပိုင် ယုံကြည်ချက် ကိုယ်ပိုင်ခံစားချက်များဖြင့် စေတနာ့ဝန်ထမ်း ဘလော့ဂ် ရေးသားသူများနှင့် နှိုင်းယှဉ်ပါက ရေရှည်တွင် တဖြည်းဖြည်း အရည်အသွေးအရရော ခိုင်မာမှုအရပါ ကွာခြားလာမည် ဖြစ်သောကြောင့်တည်း။ နောက်ဆုံးတွင် လောကနိယာမအရ ဓမ္မကသာလျှင် အဓမ္မကို အနိုင်ရရစမြဲ မဟုတ်ပါလား။

ပုစ္ဆာ

ဥဩငယ် ရဲ့ လွမ်းချင်း
တေးသီချင်း မဟုတ်ပါပဲ
ရင်မှာကြည်နူး ချစ်ဦးသူ့ မှာ
သစ္စာ မရှိတော့လို့ လား။
ဒဏ်ရာမဲ့ နာကျင်မှူ့ တွေနဲ့ 
The Lay Band ရဲ့ 
ဝင်ကြေးမဲ့စတိတ်ရှိးတွေမှာ
သူ့ အတွက် သီချင်းတွေ
ဆိုဖြစ်ခဲ့တယ်လေ။
သစ္စာဆိုတဲ့ ချည်တိုင်မှာ
မေတ္တာတွေနဲ့ မဏ္ဍိုင်ပြုခဲ့သမျှ
အခုတော့.....ပစ်ခွါမှူ တွေနဲ့ 
အဝေးတစ်နေရာ
အဲ့ဒါ....
အချစ် သေတာလား ဟင်။ ။

တကယ်သာဆိုရင်

ဘာရယ်မှန်း မသိပါပဲ
ချစ်တယ်.. ဆိုတဲ့ စကားတစ်ခွန်း
သူ့ ... ကို
ပြောခဲ့ဖူးတယ်....
ဘာရယ်မှန်း မသိပါပဲ
ချစ်ပါတယ်... ဆိုတဲ့
စကားလုံးထဲမှာ
ကျွန်တော်....
သာယာခဲ့ဖူးတယ်....
အခုတော့လည်း....
ဘာရယ်မှန်း မသိပါပဲ
သူ.... နဲ့ ...................
ကျွန်တော် .....( :( )..... ။ ။

ဝင်ကြည့်လှည့်ပါ

ဘ၀တစ်ခု အစပြုရ ထိုတစ်ညမှာ
မီးရှူးသန့် စင် မျက်နှာမြင်ပြီ
သားယောက်ျားလေး ဘုရားပေးတဲ့။
အိုဟဲ့!!!သားလေး ရှားပါးလေးကို
မွေးဖွားပေးရ ငါ့ဘ၀မှာ
မိခင်ဖြစ်ရ မြင့်မြတ်လှဟု
အမေ့စိတ်ဝမ်း ပီတိလွှမ်းသည်
တစ်ညဆီက ထိုဘ၀။
ပီတိဝေလွှမ်း မမောပန်းအား
သားကောင်းရတနာ ဖြစ်လိုရာသာ
စိတ်မှာဦးခိုက် တောင်းဆုဆိုက်ရည်
တစ်ညဆီက ထိုဘ၀။
ဘ၀ရဲ့ တစ်ည တဒင်္ဂတွင်
ဘ၀င်အပေါင်း ခညောင်းစုရုံ
တောင်းဆုစုံရ အမေ့ဘ၀မှာ
ညများသင်္ချာ များပြားလာပြီ
ရင်မှာ မည်သို့  ရှိအံ့နည်း။
အသင်မှာ မည်သို့  သိအံ့နည်း။
ဩော်......
အသင်မှာ မည်သို့  သိအံ့နည်း။ ။

သူ...

အမှတ်တရ ရှိခဲ့တဲ့
နောင်တတွေအတွက်
နှလုံးသားကို သော့ခတ်
ပုံစံမျိုးစုံနဲ့  ပိတ်ထားခဲ့တယ်။
အမှတ်တရ ရှိခဲ့တဲ့
ဘ၀ရဲ့ ဒိုင်ယာရီအတွက်
အနာဂတ်ကို ပြည်ဖုံးကားချ
ပုံစံမျိုးစုံနဲ့  ဖုံးကွယ်ထားခဲ့တယ်
သူ............
ဘယ်လို အစွမ်းတွေနဲ့ 
ကိုယ့်ရဲ့ တံတိုင်းတွေကို ရိုက်ချိုး
နှလုံးသားတံခါးကိုဖွင့်လို့ 
ကိုယ့် ရဲ့ ဘ၀ ထဲဝင်ခဲ့တာလဲ။
သူ.........
ကိုယ့်ရဲ့ ဘ၀ကိုသိမ်းပိုက်ခဲ့ပြီ။ ။

မီးအိမ်ရှင်

ဆေးရောင်ပျယ်လွင့်နေတဲ့
မှုန်ပျ ပျပန်းချီကား တစ်ချပ်။
လမိုက်ညတွေနဲ့ 

မဟူရာဘ၀တစ်ခု။
မညီညာသံစဉ်တွေနဲ့ 

ငိုညည်းနေတဲ့ကြိုးပြတ်ဂီတာ။
အမင်္ဂလာတွေရဲ့  မိတ်ဆွေ

ငှက်ဆိုးတစ်ကောင်ရဲ့  တေးသီချင်း။
ဒီ.....အရာတွေနဲ့  ၀န်းရံထားတဲ့

ကိုယ့်ရဲ့  အခန်းကျဉ်းလေးကို.....
စိုပြေမှု့ နဲ့  အလင်းရောင်တွေ၊
သူ......

ဆောင်ကျဉ်းလာခဲ့တယ်
ကိုယ့်ဘ၀ထဲက
ပြန်ထွက်မသွားပါနဲ့ တော့
မီးအိမ်ရှင်ရယ်။ ။

ထွက်သက်

ချစ်သူရယ်.....
လွမ်းရ ရက်တို့ 
တစ်သက် ကြာရှည်
ခံစားစေလို့ 
ပန်းကြွေအနွမ်းမှာ
မျက်ရည်လွှမ်းရင်း
တမ်းချင်းတစ်စုံတစ်ရာအတွက်
တဆတ်ဆတ်တုန်လျက်
နူတ်ခမ်းပါး နှစ်လွှာ မှ
မပီမသ ပွင့်ဟခဲ့တဲ့
သူမရဲ့ .............
အစီအစဉ် မကျတဲ့ဝါကျ တစ်ကြောင်း။
နှောင်းခဲ့ပါပြီမို့ 
ဟောင်းခဲ့ပြီလို့ ပဲ
သခင် ထင်မလား။
အကြင်နာ ဖယ်ခွာရုပ်သိမ်းပေမဲ့ယ့်
စိမ်း၇ုပ်သွင် ကိုယ့်ရင်မှာ မရှိပါဘု
သူ့  ကိုပဲတမ်းလျက်ပင်
ကျွမ်းပျက်ချင် ဘ၀င်အသဲည်းလေငဲ့
နွမ်းယဲ့ ရင် နာကျင်ဆဲကိုလ
မြင်လှည့်ပါ့ ချစ်သူခင်
ပစ်ခွာမကြင် ဒီဘ၀ဝေးတောင်မှ
သစ်ရှာမမြင် သံသရာ ဘ၀ထဲမှာဖြင့်
ကြွေလွင့်ရာ ကံကြမ္မာ ပန်းတွေနဲ့ 
ဝေတင့်ကာ မေတ္တာ လွှမ်းရအောင်
ချစ် နန်းဆောင် မောင် ခေါ်မ၀ံ့ပြီပဲ
စိုးထင့်ဆဲ နွမ်းဘ၀င်
ကျွမ်း မကြင် သခင် ပစ်ရက်ကြောင်းရယ်နဲ့ 
သံယောဇဉ် ရစ်ပတ်ဟောင်းကိုမှ
ချစ်လက်စနှောင်း။ ။
 
◄Design by Pocket