Tuesday, October 21, 2008

ဘောလုံးပွဲ ဒါရိုက်

Tuesday, October 21, 2008 0
ဘောလုံးပွဲများကို ဤတီဗွီမှတိုက်ရိုက်ကြည့်နိုင်ပါသည်။



Wednesday, October 15, 2008

လေလံပွဲ

Wednesday, October 15, 2008 0
ပန်းရောင် လျှက်သန်း
အသည်း တစ်ခြမ်းကို
တန်ဖိုးထားစွာ
သိမ်းဆည်းလာသည်
နှစ်လများစွာကြာခဲ့ပြီ။

တန်ဖိုးရှိစွာ
အသည်းမွှာကို
အလိုရှိက အသုံးပြုရန်
လေလံတင်၍ ရောင်းချပေးမည်
ကြမ်းခင်းဈေးမှာ ၁၅၀၀၊၊ ၊၊

Tuesday, September 16, 2008

ဖူးစာရှင်

Tuesday, September 16, 2008 0

ရင်ခွင်တံခါး
ဖွင့်လို့ထားလည်း
ဝင်သူမရှိ တိတ်ဆိတ်
ငြိမ်သက်
လမ်းမသင့်လို့ထင်ပါရဲ့။

အချိန်လွင့်ပါး
အရွယ်တွေ ရွေ့လျှား
တံခါးကိုပိတ် အိပ်စက်တော့မှ
ဝင်ရောက်တံခါးခေါက်
ခရီးသွားတစ်ယောက် ထင်ပါရဲ့။

ခဏတာထင်
အသည်းလွှာ ပြင်၌
နားခိုမှေးစက်
အိပ်စက်သည်ကား
ထာဝရ ကြောင့် .....

ဖူးစာရှင်လို့ထင်ပါရဲ့.....
ဖူးစာရှင်လို့ထင်ပါရဲ့.....
ဖူးစာရှင်လို့ထင်ပါရဲ့..... ။ ။

Sunday, June 22, 2008

အမေ့အပြုံး

Sunday, June 22, 2008 0
တစ်နေ၀င် တစ်နေထွက်
နုပျို လန်းဆန်း
တက်ကြွ ခဲ့တဲ့
အမေ့ ဘဝ
မုန်တိုင်းတွေ လည်းထန်ခဲ့တယ်၊၊

ရာသီမုန်တိုင်း
ဘယ်လိုကြမ်းလဲ
တိမ်ကင်းစင်တဲ့
ကောင်းကင်ပြာလို
အမေ့အပြုံး ဝေခဲ့တယ်၊၊

ရစဉ်ခဏ လူ့ဘ၀မှာ
သူ ပေးဆပ်ရင်း
အနစ်နာခံလို့
တို့ ဘ၀တွေ မြှင့်မားစေဖို့
လမ်းပြ ဦးဆောင်ပေးခဲ့တယ်၊၊

တစ်နေ့မှ တစ်လကူး
အချိန်တွေဘယ်လိုပြောင်း
နှစ်တွေလည်း ဟောင်းလို့
နုပျိုခြင်းတွေ အိုမင်းသွားပေမဲ့
အမေ အရှုံးပေးမယ် ထင်နေလား။ ။


Monday, June 2, 2008

မလေးရှားအမှတ်တရ(၄)

Monday, June 2, 2008 0
မလေးရှား မှာ အလုပ်လုပ်တဲ့ နိုင်ငံခြား သားတွေ ထဲမှာ အခုဆို ရင်မြန်မာ နိုင်ငံသား များ ဟာ ဒုတိယ အများဆုံးဖြစ်ပါတယ်၊ ပထမအများ ဆုံးကတော့ အင်ဒိုနီးရှား ပါ နိုင်ငံခြား သား အလုပ်သမား ဦးရေဟာ မလေး နိုင်ငံမှာ ၄၆% ထိ ရှိနေပါတယ်။ အလုပ်သမား လူဦးရေ များလာတော့ လုပ်ငန်း လုပ်ပိုင်ခွင့် နည်းပါး လာပါတယ် အလုပ် တစ်ခုမှာ ပုံမှန် ရနေကျ ဈေးနှုန်းထက် တဖြည်းဖြည်း ၅၀% ထိလျော့ကျ လာပါတယ် ၊ ဒါပေမဲ့ တော်တော် များများ ကတော့ မြန်မာပြည် ကိုမပြန်ပဲ ကြုံသလို လုပ်စားနေကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မလေးမှာ တစ်ရက်အလုပ် လုပ်တာဟာ မြန် မာပြည် မှာ ၁၀ရက် အလုပ်လုပ် တာနဲ့ ညီမျှ ပါတယ်။ လုပ်ရင်းကိုင်ရင်း မတော်တစ်ဆ အဖမ်း ခံရရင်လည်း မြန်မာပြည် ထောင်ထက် အများကြီး သာတယ် ပြီးတော့ လွတ်လပ်တယ် အဲဒီ အချက် တွေက မြန်မာ ပြည် ကို ပြန်ချင် စိတ်ကုန် နေကြတာပါ၊၊

ထောင်ဆိုလို့ မလေးရှားထောင် အကြောင်းလေး ပြောရအုံးမယ်။ မလေးရှားနာမည်ကတော့ Panjara လို့ခေါ်တယ် (ဗန်ဂျာရာ) ပေါ့ အဲလူတစ်ယောက် အဖမ်းခံရ ပြီဆိုပါတော့ အချုပ်မှာ ၁၄ရက် ထားတယ်၊ ပြီးရင်တရားရုံးတင် တယ် ၀န်ခံ သည်ဖြစ်စေ ၀န်မခံသည်ဖြစ်စေ ထောင်ကိုပို့တာပဲ ထောင်မှာ ထောင်ကျဆောင်နဲ့ ယမန်ဆောင်ဆိုပြီးရှိတယ်။ ပုံစံကတော့ အတူတူပါပဲ ဒါပေမဲ့ ထောင်ကျသွားရင်တော့ ထောင်ဝတ်စုံ ၀တ်ရတယ် ယမန်ကတော့ ပါလာတာလေးတွေ ၀တ်ပေါ့။ ထောင်မှာစောင့်တဲ့ ရိုးရဲသားကို ကျိကု လို့ခေါ်တယ် ကျန်တာတွေကိုတော့ ရာထူးတပ်ခေါ်ကျတယ်၊ ကော်ပတာ ၊ ဆာဂျင် အစရှိသဖြင့်ပေါ့ ။ စစဦးဆုံး လူသစ်ဆောင် ကိုပို့တာပေါ့ အဲဒီမှာနည်းနည်း တော့ ကြမ်းတယ် လူစုံ တစ်ယောက် အကြောင်းတစ်ယောက် မသိသေးတဲ့ လူစိမ်းတွေပေါ့၊ အုပ်စုတောင့်တဲ့အဖွဲ့က လူမိုက်လုပ်တယ်၊ ဒါပေမဲ့ မြန်မာပြည်သား တော်တော်များများ ကတော့ ခံရတာ နည်းပါတယ်။
စည်းကမ်းပိုင်းကတော့ မူးယစ်ဆေးဝါး နဲ့ ဆား ကိုတော့ တားမြစ် တယ် ဆေးလိပ်ပါ တားမြစ်တယ်။ ဆေးလိပ်ကတော့ ထောင်မှာတာဝန်ကျတဲ့ ရဲတွေနဲ့ ပေါင်းပြီး ခိုးသွင်းကြတယ်.. မိရင်တော့.. မလွယ်ဘူးဗျို့ ။ နံနက် ၇:၀၀ မှာတန်းစီဖို့ တံခါးဖွင့်ပေးတယ် တန်းစီ လူစစ် ပြီးရင် လက္ဘက်ရည် နဲ့ မုန့် ပေးတယ် လက္ဘက်ရည်ဆိုတာ လက္ဘက် အချို ခြောက် အကျရည်ကို သကြားနည်းနည်း ထည့်ထားတဲ့ ဖျော်ရည်ပါ၊ မလေးလိုတော့ TEA O လို့ ခေါ်တယ်၊ (တေးအို) ပေါ့ ပြီးတော့ပေါင်မုန့် ၁ ချပ် ရယ် ဘီစကစ် ၅ ခုရယ် ပေးတယ်။ အဲဒါတွေယူပြီး ကို့အခန်းကိုပြန်ဝင် တံခါးပိတ်တယ်။ နေ့ခင်း ၁၂ နာရီ ပတ်ဝန်းကျင်မှာ တစ်ခါ တန်းစီရတယ် ပြီးတော့ ထမင်းဝေတယ် .. ထမင်းကတော့ ပုံစံခွက်နဲ့ တစ်ပတ်ကို အမဲသား ၂ကြိမ်၊ ကြက်သား၂ ကြိမ်၊ ကြက်ဥ ၂ ကြိမ် ၊ ငါးခြောက် ၄ ကြိမ်၊ ငါး ၄ ကြိမ်။ ကြွေးပါတယ်။ အမိန့်မကျသေးသေးတဲ့ လူတွေကိုတရားရုံးတင်တယ် တရားရုံးကိုတော့ မလေးလို မကားမား (Makama) လို့ခေါ်တယ် အမိန့်ချလိုက်ရင် ထောင် ဒါမှမဟုတ်လည်း ကန့် (Kamp) ကိုရောက်ပေါ့ ကန့်ကျတော့ နေရတာ လွတ်လပ်တယ် ဒါပေမဲ့ အစားအသောက် ကျတော့ နည်းနည်းဆိုးတယ်။

ကဲ.... ဒီလောက်ဆိုရင် မလေးရှား ကိုလာချင်လာချင်စိတ်လေးများ ပေါက်လာပြီလာမသိဘူး... ကန့်ထဲရောက်ရင်တော့ ငါးခြောက်ဆိုတာ ကိုတွေ့ပြီးရင်တော့ ၊ ငါးခြောက်ရောင်းတဲ့ သူကိုသွားသတ်ချင်စိတ်ပေါက်သွားမယ်။ ယောင်လို့တောင် ကြောင်ကိုများ သွားမကြွေးမိလေနဲ့ ဒီလောက် ငံတဲ့ငါးခြောက် ဘယ်လိုလုပ်စားမလဲ ဆိုပြီး ပါးရိုက်သွားလိပ်မယ်..။


ဘလော့ မိတ်ဆွေများ

ဘလော့နှင့် ပတ်သက်ပြီး ဘာမှန်းမသိခင် က ဘလော့နှင့်ပတ်သက်ပြီး စတင်မိတ်ဆက် ပေးခဲ့ဘူတဲ့ သူတစ်ယောက် ရှိပါတယ် သူကတော့ ညီမလေးမီးသော် ပါ အဲဒီကနေ ဘလော့စလုပ်ဖို့ စိတ်ကူးတော့ ဘယ်ကဘယ်လို စရမှန်းကို မသိဘူး ရေငတ်တုန်းရေ တွင်းထဲကျပေါ့ ဆရာတစ်ယောက်ကောက်ရ လိုက်တယ် သူကတော့ ဂေါ်မစွံသေး တဲ့ လူပျို ချောကြီး ညီလေးချစ်စမ်း ပါ ဆရာကအွန် လိုင်းသင်တန်း ပေးတယ် သူမပေးရင် လည်းပေးအောင် နည်းနည်းတော့ စိုက်ရပေါ့ (တော်ကီ) အဲဒီအချိန် ပဲ ညီငယ်တစ် ယောက်နဲ့ အတူ လေ့လာလိုက် တာ ကျွန်တော်ရဲ့ ရင်ခုန်သံလေး ဖြစ်လာတာပါ ပဲ ကျွန်တော်နဲ့ အတူ ဘလော့ ကိုစရေးတဲ့သူကတော့ မောင်ရင်ငတေ ပါ။ ကို့ဘလော့ လေးပြီးသလောက် ဖြစ်သွားတော့ ပိုစ့်တွေ စတင်တယ် ပိုစ့်က ကဗျာတွေပါ ကျွန်တော် က အရေးအသား သိပ်မကောင်းတော့ များများ လည်းမရေးဖြစ် ဘူး (ကို့ကိုယ်ကိုသိတယ်လေ) အဲဒီလိုနဲ့ ဆယ့်နှစ်မျိုး ဂျင်းသုပ် ဘလော့လေးတစ်ခုဖြစ်လာတော့ တာပါပဲ။ ဘလော့ လေးတော်တော် အဆင်ပြေ သွားတော့ အလည်ထွက်တယ် ပြောမယ်ဆို လိုက် ကြွားတာပေါ့ ၊ ပထမဆုံး အိုင်နောက်က အက္ခရာ ဂျေရဲ့ စီဘောက်ထဲမှာ ကြော်ငြာ တင်လိုက်တယ် သူကလည်းမဆိုးပါဘူး အလိုက်တသိ ပဲကြော်ငြာ ဖြန့်လိုက်တာ လိုက်လာတဲ့ သူတွေထဲမှာ ဆရာတော်ရမယ့်သူ တွေပါလာသလို တပည့်မွေးရမဲ့သူတွေလဲ ပါလာလေရဲ့ ဆရာတော်လိုက် ရတာက နာမည်ကြီး အကယ်ဒမီ မင်းသားကြီးနဲ့ နာမည်တူ (လူတော့တူချင်မှတူမယ်) ကိုရန်အောင် ပါ။ ပြီးတော့ အပျိုတွေ ရည်းစားစကား ပြောတာခံရမှာ စိုးလို့ ကြိုတင်ကာ ပြောပြထားမယ် ဆိုတဲ့ ကိုမောင်လှ နဲ့ တစ်ယောက် တည်းနေရတာ အသားကျနေ ပါပြီတဲ့ မှော်ဆရာ တို့ရဲ့ဘလော့တွေ လိုက်ဖတ်ရင်းနဲ့ တော်တော်လေး နားလည်လာတယ်။ ဘာတွေရေးရမလဲလို့ လည်း စဉ်းစားလာတယ်။ နောက်ပြီးတော့ သူများတွေ ရေးတဲ့ ကဗျာတွေစာတွေ ဖတ်ပြီး ရင် ကိုရေး ထားတဲ့ စာတွေ ပြန်ဖျက်ချင် စိတ်ပေါက်လာတယ် ကျွန်တော် မမြဲလျှေက်လည်တဲ့ ဘလော့တွေကတော့ မရောက်တဲ့ ဘလော့ မရှိလောက်အောင် ဘလော့နှံ့တဲ့ ကိုစိုးထက်နည်းပညာ ပိုစ့်တွေရေးတဲ့
ကိုရေခါး၊ နာမည်ကတော့ ပြည့်စုံတဲ့ ပြောစရာမရှိ လူတော့ မမြင်ဘူးသေး၊ပြီးတော့ ကဗျာတွေရေးတဲ့ ကောင်းကင်ကို အလွမ်း မှာ စီးမျောနေ တဲ့ ညီငယ်သာဖြိုး တော်တော်လေးစုံအောင် လည်ဖြစ်ပါတယ်.. ညီတွေညီမတွေကောက် ရလိုက်တာလည်းရှိပါတယ်.. ချစ်အိမ်ငယ်တို့လို ကဗျာဆရာမလေးတွေ လည်းပါသေးရဲ့.. ဘာပဲဖြစ်ဖြစ် ဘလော့ လုပ်ရတာ တော်တော်လေးလဲ ကျေနပ်ပါတယ် ၀မ်းလည်းသာပါတယ် ဒါပေမဲ့ အခုအချိန်မှာ မအားလပ်မှု့တွေကပိုများလာတဲ့အတွက် သူငယ်ချင်းတွေ အားလုံး ကိုတောင်းပန်ပါတယ် ဗျာ အလည်တစ်ခေါက် မရာက်ဖြစ်ခဲ့ရင် စိတ်မဆိုးကြပါနဲ့လို့.......။



Friday, May 30, 2008

မလေးရှားအမှတ်တရ(၃)

Friday, May 30, 2008 0
မလေးရှား မှာအလုပ်လုပ်ကြတဲ့ မြန်မာ နိုင်ငံသားတွေ တော်တော် များများဟာ ဘာအထောက် အထားမှ မရှိပဲ နေထိုင်လုပ်ကိုင် ကြပါတယ် အဲဒီလိုနေတာ ကို မလေးလို ကိုဆုန်း (kosong ) လို့ခေါ်ပါတယ် အလုပ်ရှင်တွေနဲ့ နားလည်မှု ယူပြီးလုပ်ကြတာပါ အဲဒီလိုလုပ်တာ ဟာ တရားမ၀င်ပါဘူး ဒါပေမဲ့ အဲဒီလို နေထိုင်လုပ်ကိုင် တဲ့ သူတွေပဲ ပိုက်ဆံကျန် ကြပါတယ် ၊ဘာအခွန် မှမဆောင်ပဲနေတာကိုး ။စပြီ အော်ပရာစီ တဲ့ တရားမ၀င် နေတဲ့ သူတွေကို လိုက်ဖမ်း တဲ့ပွဲပေါ့ ပြေးသူပြေး ပုန်းသူပုန်း မိတဲ့သူလည်းမိပေါ့ သေတဲ့သူတွေ လည်းအနည်းအကျည်း တော့ရှိတတ် တယ် ။ သေတာက သူတို့သတ်လို့ မဟုတ်ပါဘူး အကြောက်လွန် ပြီးပြေးရင်း အရှိန်လွန်သွားတာ မျိုး( ဥပမာ ) ကားလမ်းဖြတ်ပြေး တာမျိုးတွေကြောင့်ပါ။
အဖမ်းဆီး အများဆုံးအချိန် ကတော့ မလေးနိုင်ငံ လွတ်လပ်ရေးနေ့ နီးလာရင် စတော့တာပါပဲ ။ ဖမ်းမိတဲ့သူ တွေကိုတရား မဆွဲခင် Kamp ကိုပို့ပါတယ် အဲဒီမှာ ပုံမှန်ဆိုရင် ၂ပတ် ထားပါတယ်၊ အဲဒီကနေတရား ဆွဲဖို့ တရားရုံးကိုပို့ တယ် ၀န် ခံလိုက်ရင် တစ်ခါထဲ အမိန့်ချ ပါတယ် တစ်ချို့ကတော့ ပတ်စပို့စ်လဲ ရှိတယ် ပါမစ်လည်းမှန်ကန်တယ် သူဌေးက သိမ်းထားတဲ့ သူတွေ ကတော့ သူဌေးမလာ မချင်းထောင်မှာစောင့်ပေါ့ တရားရုံးတင်ပြီးရင် ထောင်ကျဖို့ အမိန့်ချ ခံရသူတွေကို ထောင်ကျဆောင် တွေကိုပို့ တယ် အမိန့်မကျသေးတဲ့ သူတွေကတော့ ရမန်ဆောင်ပေါ့ ။ ထောင်ကျ နဲ့ရမန် ကသိပ်မကွာပါဘူး ထောင်ကျဆောင် ကအခန်းသေးလေးတွေ များတယ် တစ်ခန်း မှာလူ ၅ယောက်လောက် နေလို့ရတယ်။ ရမန်ဆောင် ကတော့ တစ်ခန်းကို လူ ၂၀၀ လောက်နေလို့ ရတဲ့အခန်းတွေ ပါ။ တရားမ၀င် နေထိုင်မှု ကို ထောင် ၃လ၊ ၆လ ၊၈လ နဲ့ ကြိမ်ဒဏ် တစ်ချက် စသည်ဖြင့် အမျိုးမျိုး သတ်မှတ်ပါတယ် တစ်လမှာလျော့ရက် ၁၀ရက် ပြန်နှုတ်ပါတယ်။ ထောင်စည်းကမ်း အရ တစ်နေ့ ၄ ကြိမ် တန်းစီ လူစစ်ပါတယ် ၊ ထောင်အရာရှိက ၂ကြိမ် အဆောင်တာဝန် ခံက၂ ကြိမ် ပါ၊ မလေးရှားထောင် တွေအားလုံးက နိုင်ငံတကာ အဆင့်မှီ လုပ်ထားပါတယ် အစားအသောက်အနေ နဲ့လည်း သိပ်မဆိုးပါဘူး မနက် ပေါင်မုန့် နှစ်ခု (tea 0) တစ်ခွက် (သို့) ဘီစကွတ် ပေးပါတယ် နေ့လည် တစ်ကြိမ် ညနေတစ် ကြိမ် ထမင်းကြွေးပါတယ်။ တစ်ပတ်မှာ ကြက်သား နှစ်ကြိမ်၊ အမဲသားနှစ်ကြိမ် ၊ ငါး ၈ကြိမ် ၊ ကြက်ဥနှစ် ကြိမ်ကြွေးပါတယ်။ သစ်သီးတစ် မျိုးကတော့ နေ့လည် ထမင်းစား ချိန်တိုင်းမှာ ပါပါတယ်။ အဲဒီမှာ နေလို့ လွတ်ရက် စေ့ရင် လွတ်ပြီပေါ့.... ငှဲငှဲ.. ဟုတ်သေးဘူး၊၊

တရားမ၀င်နေတဲ့ သူတွေကို ဒီအတိုင်း လွှတ်ပေးပါ့မလား ၊ နယ်စပ်ကို ပို့တာ မပို့ခင် Kamp ကိုပြန်ပို့တာ ထောင်နဲ့ Kamp က နည်းနည်းတော့ ကွာတယ် ကန့်မ် ကလွတ် လပ်တယ် မနက်လူစစ်ပြီးတာနဲ့ အထဲမှာနေချင် သလိုနေတော့ပဲ စားစရာ တော်တော် များများ ရောင်းပေးတယ်၊ ကန့်မ် ထဲမှာ အနေကြာတဲ့ သူတွေ ကတော့ ဆရာပေါ့ တစ်ချို့ ဆိုရင် ဆေးလိပ် ရောင်းတယ်၊ ဖုန်းကိုင်ထားတယ် ဖုန်းကတော့ တစ်ခါဆက်ရင် ၂ရင်းဂစ် ပေးရတယ် ၊ဖုန်းနဲ့ ဆေးလိပ်က တရားဝင် မဟုတ်ပါဘူး ... တစ်ခါတစ်ခါ စစ်ဆေးရေးတွေဝင်ရင် ထားစရာနေရာ မရှိလို့ ပါသွားတတ်တယ် ၊ ဒါပေမဲ့ဘာပြောပြော ဖုန်းရှိတော့ အပြင်မှာရှိ တဲ့သူငယ် ချင်းမိတ်ဆွေတွေ နဲ့ အဆက်အသွယ် ရတာပေါ့။ Kamp အကြောင်း တော့ နောက်မှ အသေး စိတ်ရေး ပေးတော့မယ် အဲဒီ မှာလူတွေများလာရင် ထိုင်းနယ်စပ်ကိုပို့တယ်။ ရိုးရိုး ပို့တာတော့မဟုတ်ဘူး သွားရောင်းတာ နယ်စပ်မှာ လူပွဲစားတွေ ကလာစောင့် နေတယ် လူတစ်ယောက် ကိုမလေး ငွေ ၅၀ နဲ့ ထိုင်းကပွဲစားတွေက လက်ခံထားလိုက်တယ်။ အဲဒီမှာလိုအပ်လာတာက ပိုက်ဆံ ပဲ မြန်မာပြည် ကိုပြန်မလား မလေးရှားကို ပြန်ဝင်မလား ပိုက်ဆံ ပဲလိုတယ်။

တရားမ၀င် နေတဲ့ ကျွန်တော်တို့လို လူတွေကတော့ စိတ်ချရတဲ့မြန်မာဆိုင် တစ်ဆိုင်မှာ ပိုက်ဆံအပ်ထားကြတယ် အဲဒီတော့ ပြန်တက်မယ် အဲဒီဆိုင်မှာ ပိုက်ဆံရှိတယ် ဖုန်းဆက်ကြည့် ဆိုရင် ပြီးပြီ၊ ပိုက်ဆံမရှိ တဲ့သူတွေ မှာတော့ အဲဒီနေရာဟာ ငရဲပြည်ပေါ့ အထု အထောင်း ကောင်းကောင်းခံရ တတ်တယ် အမျိုးမျိုးနှိပ်စက်တယ်၊ တစ်ယောက်ကို တစ်ယောက်လည်း မကယ်နိုင် ဘဲလက်ပိုက် ကြည့်နေရတယ် ၊နောက်ဆုံး ရောင်းစားခံ ကြရတယ်၊ လှေပေါ်ကို ၂နှစ် ၃နှစ် ရောက်သွားတဲ့ လူတွေလည်း မနည်းပါဘူး၊ ဆိုးတာကမိန်း ကလေးတွေ အရောင်းစားခံရပြီဆိုရင် ဘာဖြစ်ပြီဆို တာတွေးကြည့်ပါ၊ မလေးရှား ၊ထိုင်း က Disco တွေ Pub တွေကသူဌေး တွေက မိန်းခလေး တွေကို ၀ယ်ပြီး ပြန်ခိုင်းစား ကြတယ် တစ်ချိုးလည်း အရောင်းစားခံ ရလို့လုပ်ရင်းကိုင်ရင်း အဲဒီဘ၀တွေမှာ စိတ်ပါပြီး ဘ၀ဆုံးသွား တဲ့ မိန်းကလေးတွေ မရေမတွက် နိုင်တော့ပါဘူး။ တော်တော် များများ ကတော့ အဖမ်းခံလိုက် ပြန်တက်လိုက်နဲ့ သံသရာလည်နေ တဲ့မလေး ရှားပေါ့ဗျာ၊၊ ၊၊

Monday, May 26, 2008

သီချင်းများ ရှာဖွေနည်း

Monday, May 26, 2008 0
သီချင်းများရှာ၍ ဒေါင်းလုပ်လုပ်လိုလျှင်
(၁) ၀င်းဒိုး ကိုဖွင့်ပါ open window
(၂) ဂူဂယ် ကိုသွားပါ go to google.com
(၃) -inurl:(htm|html|php) intitle:"index of" +"last modified" +"parent directory" +description +size +(.mp3) "akon"

အပေါ်က ကုဒ်တွေကို select ပေးပြီး Ctrl+ C ကော်ပီယူပြီး search bar ထဲမှာထည့်ပါ ....
ပြီးရင် search ကို klick ပါ ..... စာမျက်နှာတွေအများ ကြီးပေါ်လာပါလိမ့်မယ်.. တစ်ခုချင်းစီ ကလစ်ကြည့်ပါ။ သိပ်ကြိုက်တဲ့ သီချင်းတွေဆို ရင် ဒေါင်းလုပ် လုပ်ထားလိုက်ပေတော့

အဲဒီမှာ "akon" နေရာမှာ မိမိရှာလိုသော အဆိုတော် နာမည် များကို အစားထိုး၍ ရှာနိုင်ပါသည်...
"akon" နေရာမှာ တစ်ချို့ အရာတွေ ကိုလည်း အစားထိုးရှာနိုင်ပါသေးတယ် ။
.........ဥာဏ်ရှိသလို အသုံးပြုနိုင် ပါစေ..... :P

Monday, May 19, 2008

Cbox တွင်ဖေါင့်ပေါ်စေချင်ရင်

Monday, May 19, 2008 0
သိပြီးသားသူများအတွက် ဘာမှမဟုတ် ပေမဲ့ မသိသေးသူများ အသုံးပြုနိုင်အောင်ပါ။ အချို့ Cbox တွင် စာရေး နေစဉ် ဖေါင့်များ မပေါ် ပဲ posting လုပ်မှသာ ပေါ်လာပေသည်။ ပေါ်အောင် လုပ်ရန် မှာ....
(၁) စီဘောက် log in
(၂) Colurs & Fonts

ကဲရောက်ပြီ အဲဒီမှာ.. Font အကွက်ထဲမှာ Zawgyi-one လို့ရိုက်ထည့်ပေးပါ။ ပြီးရင် Apply ကိုကလစ်လိုက်ပါ.. ကဲရပြီလို့ မှတ်လိုက် ပေတော့.... :P

Monday, May 12, 2008

ကုလသမဂ္ဂသို့ပေးစာ

Monday, May 12, 2008 0
To: United Nations
Ban Ki Moon
Secretary General
United Nations

Dear Sir,

Nargis Cyclone had hit Myanmar delta region on May 3, 2008.

The top United States diplomat in Myanmar estimated that the death toll could rise as high as 100,000, from the official tally of 22,500 with conditions growing worse in the vast, flooded Irrawaddy Delta region,. Now half a million of people went missing on flooded region and survivors need immediate care to prevent from unnecessary losses of lives.

International communities offer help to humanitarian crisis in Myanmar including United States, United Kingdom, Australia, French and others. However, Myanmar government do not granted the visas to the aid workers until now and hampering efforts of international aid agencies to save lives of Myanmar people by many ways.

We understand that United Nation recognized doctrine “responsibility to protect” when governments could not or would not protect their citizens, even if this meant intervention that violated national sovereignty.

Hence, we strongly encourage you to applied "responsibility to protect" doctrine immediately and force the international aid into Myanmar to save the lives of hundreds of thousand of people without any further delay.

It is a humanitarian crisis with million of people lives are at stake. We hope that United Nations response urgently to the problem facing international aid agencies to help people of Myanmar.


Sincerely,


Signatures ..... klick here

Friday, May 9, 2008

ခွေးဆွဲသွားသောစားနပ်ရိက္ခာ

Friday, May 9, 2008 0

Thursday, May 8, 2008

ဝမ်းနည်း ဒေါသ

Thursday, May 8, 2008 0
အခုဒီ ပိုစ့်ကို ကြားဖြတ် အစီအစဉ် အနေနဲ့ တင် ရခြင်းဖြစ်ပါတယ် ဘာဖြစ် လို့လည်း? ဘာကြောင့်လည်း? ဆိုတဲ့မေးခွန်း တွေ ကျွန်တော် အတွေးထဲမှာ နေ့စဉ်ရက်ဆက် နှိပ်စက် နေသောကြောင့်ပါ။ အဲဒီလိုပဲ မဖြစ်သင့် ဘူးဆိုတဲ့ အကြောင်းအရာပေါင်း မြောက်များစွာ နဲ့ ကြေကွဲ ၀မ်းနည်းစွာ ခံစားနေရပါ တယ် ။

အကြောင်းအရာများ
၁။ မုန်တိုင်း မကျရောက် မှီ ၅ရက်ခန့် ကြိုတင်၍ မုန်တိုင်းဖြစ်မည်ကို သိရှိပါလျှက် အဘယ်ကြောင့် ဤမျှ ဒုက္ခဆိုး ကိုခံရပါသနည်း။

၂။ အိန္ဒိယ မိုးလေ၀သ ဌာနမှ ကြိုတင် အကြောင်းကြား ပါလျှက် ပြည်သူ လူထု မသိရအောင် မြန်မာ့ မိုးလေ၀သ ဌာနမှ ၀န်ထမ်းများ
ဘာတွေ လုပ်နေကြပါသနည်း။

၃။ ၂၉ ရက်နေ့ မြန်မာ့သတင်း တွင် မုန်တိုင်းမှာ အားကောင်း ခြင်းမရှိတော့ဘဲ အရှေ့မြောက်သို့ သွေဖီကာ ၁ နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင် အထိ သာတိုက် ခတ်မည် ဟု အဘယ့်ကြောင့် ကြေငြာရပါ သနည်း။

၎။ မုန်တိုင်း မကျရောက် မီ ပြည်သူလူထုအား အဘယ့်ကြောင့် ဘေးလွတ်ရာ သိုမပြောင်းရွေ့ ခိုင်းပါသနည်း။

၅။ သဘာဝ ဘေးအ န္တရာယ် အတွက် အဘယ့်ကြောင့် မြန်မာပြည် တွင် ကြိုတင် ကာကွယ်မှု မရှိရ သနည်း။

၆။ မသေသင့် ဘဲ အဘယ့်ကြောင့် လူများသိန်းချီ သေရသနည်း။


ကျွန်ုပ်ဧ။် အတွေး အမြင်
မုန်တိုင်းမကျရောက်မီ ၅ ရက် ကြိုတင်၍ ကမ္ဘာ့ သတင်းများတွင် ကြေငြာ နေပါပြီ ထိုသတင်းများ ကိုမြန်မာ ပြည်သူများ မသိရှိ ရခြင်းမှာ....

၁။ မြန်မာပြည် တွင် သီတင်းလွတ်လပ်ခွင့် မရှိခြင်း။

၂။ အချိန်ပြည့် အတင်းပြောနေသော မြန်မာ့အသံ ကြောင့် ပြည်သူများ ရေဒီယို နားထောင်လို စိတ်မရှိတော့ခြင်း။

၃။ ခောတ်မှီ သောစက် ပစ္စည်းများ ပြည်သူ့ အကြိုးပြု လုပ်ငန်းများတွင် မရှိခြင်း။

၎။ ပြည်သူလူထု ဧ။် အသက် အိုးအိမ် စည်းစိမ်ကို တပ်မတော် အာဏာတည်မြဲရေး လောက်ဂရုမစိုက်ကြခြင်း။

၅။ စဉ်းစားဆင်ခြင်ဥာဏ် နည်းပြီး ဗဟုသုတ မရှိသော မျက်ကန်းများ အား ၀န်ကြီး အဖြစ်ခန့် ထားခြင်းတို့ကြောင့်ဟု ကျွန်ုပ် မြင်ပါသည်။

အကျယ်ရှင်းလင်းချက်


သတင်းလွတ်လပ်ခွင့်
မြန်မာပြည်တွင် မည်သည့်သတင်း အကြောင်း အရာမှ ပြည်သူလူထု မဆွေးနွေးရဲကြ။ အဘယ့်ကြောင့်ဆိုသော် မိမိ နားထောင်သော သတင်းသည် ဘီဘီစီ၊ အာအဖ်အေ၊ ဒီဘီဗွီ စသော ဌာနများမှ ဖြစ်လျှင် မိမိပြောပြ သောသူမဟုတ်သော အခြား တစ်ယောက် သည် ကြံ့တစ်ပိုင်းဖွတ်တစ်ပိုင်း ဖြစ်ပါက ပြဿနာများ မဖိတ်ခေါ်ပဲ ရောက်လာတတ် ပေသည်။

မြန်မာ့အသံ
နာမည်တော့ ခံထားပါရဲ့ တစ်ခါမှ ဟုတ်တိုင်း မှန်ရာကြေငြာခြင်း မရှိ ကြာလာတော့ နားထောင်ချင်စိတ် မရှိတော့ဘူး။ သတင်းစာ ရှင်း လင်းပွဲက အစ ပေါ့ ပြည်သူလူထုက စိတ်ကိုမ၀င်စား တော့ဘူး။

ပြည်သူ့အကျိုးပြုလုပ်ငန်း
ကျမ္မာရေး၊ ပညာရေး ကအစ အားလုံးကိုထူကိုထ၊ သံယံဇာတ အလွန်ပေါတဲ့ မြန်မာပြည် မှာ ဘယ်အရာမှ အဆင့်အတန်း မှီတယ် လို့မရှိဘူး နိုင်ငံတကာ ကိုသစ်တွေ ရောင်းစားနေတဲ့ တိုင်းပြည် သစ်ဖြတ် ကိရိယာ တောင်လုံလောက် အောင်မသုံးစွဲနိုင်ဘူး။ ပြည်သူ့ အခွန်ဘဏ္ဏာတွေ ဘယ်တွေရောက်ကုန်လဲ၊ ပြည်သူအကြိုးပြု လုပ်ငန်းကို ဘယ်ခေါင်းဆောင်မှ ထိထိရောက်ရောက် မလုပ်ပဲ ထိုင်ခုံ ကိုသာရွှေချ နေသောကြောင့်ဖြစ်ပါတယ်။

မုန်တိုင်းပြီးချိန်
အရေးပေါ် လိုအပ်ချက် အရ ကယ်ဆယ်ရေးလုပ်ငန်းကို အလျှင်အမြန် ဆောင်ရွက် ရမည့်အချိန် ဘယ်ဝန်ကြီး ဘာတွေ လုပ်ပါသလဲ အားလုံး သိနေပါတယ် ဗွီဒီယို ရိုက်နေတယ်၊ နယ်ဘက်တွေမှာ အတင်းအကျပ် ထောက်ခံမဲ ရဖို့ ကြိုးပမ်းနေတယ်၊ အမှန်တကယ် ဆိုရင် ပြည်သူပိုင် ရေယာဉ်တွေ အများကြီးပါ ချက်ချင်းသွားပြီး ကယ်ဆယ်ပို့လုပ် ဆိုတဲ့ အမိန့် တစ်ခုထဲနဲ့ ပြီးပါတယ်၊ ပြည်သူ လူထုဆီက လို ချင်တာများပြီး ဘာတစ်ခုမှပြန်မပေး ချင်ဘူးဆိုတာ.....


ဝန်ကြီး
ဘယ်လိုကဘယ်လို ၀န်ကြီးဖြစ်လာတယ်တော့ မသိ တစ်ကမ္ဘာလုံးက မိုလေ၀သ ဌာနတွေက အကြိမ်ကြိမ် သတိပေး နေပါလျှက် စိတ်ကူးနဲ့ ရမ်းတုတ် မှော်ဆရာလိုလို ဗေဒင်ဆရာလိုလို တွက်ချက်ပြီး သတင်းထုတ် တစ်ခုမှလည်း မဟုတ် မမှန်နဲ့ သူတင်မဟုတ် သူနှင့်အတူ သူ့နောက်က ၀န် ထမ်းလေး တွေလဲကျန်သေးတယ် ပြည်သူဆီကလစာကို လိမ်စားနေတဲ့ ပုဂ္ဂုလ်လေးတွေ သူတို့ကိုသူတို့ (၀န်ထမ်း) ဆိုပဲ ဟုတ်တော့ဟုတ်ပါတယ် ၀န်ကြီး ကိုထမ်းနေရတာလေ...

အခုတော့ သေကုန်ပြီ မြန်မာပြည် မှာမွေး မြန်မာလူမျိုးတွေ ၊ သူတို့အထင်တော့ သေတာနည်းသေး လို့ထင်တယ် နိုင်ငံတကာ ကယ်ဆယ် ရေး နဲ့ အကူအညီ ပေးမဲ့ အဖွဲ့တွေကို ပြည်ဝင်ခွင့်မပေး သေးတာ၊ အံ့ပါရဲ့ဗျာ ကိုယ်တိုင် လဲ ဟုတ်တိပတ်တိ မလုပ်နိုင် သူ များ လုပ်ပေး ပါမယ် ဆိုတော့လည်း ...... ပြောကြပါအုံးမယ် ပြည်ပအားကိုး တယ်လို့ ... မဖြေရှင်းပါဘူး... ဟိုပုဂ္ဂိုလ်ကြီးတွေ မှာဘာအ ရည် အချင်းမှမရှိ ဘူးဆိုတာ သိနေလို့ပါဗျာ ။
ကျွန်ုပ်တို့ မြန်မာလူမျိုး များသည် အမှန်တကယ် ခေါင်းဆောင်ကောင်း များအတွက် အသက်ပါ ပေးဆပ်ရဲကြပါတယ် ဒါပေမဲ့ ခေါင်းဆောင်တွေ မဟုတ်တာလုပ် ရင် ပြောဆိုရဲတဲ့ သတ္တိရှိ တဲ့လူ တော်တော် နည်းသေး တာ စိတ်မကောင်းစရာ ပဲဗျာ။

Sunday, May 4, 2008

Myanmar cyclone death toll exceeds 22,000

Sunday, May 4, 2008 0
နောက်ဆုံး ရ နားဂစ် မုန်တိုင်း သတင်း

ဒီမှာကလစ်ပါ

Friday, May 2, 2008

မလေးရှားအမှတ်တရ(၂)

Friday, May 2, 2008 0
မလေးကို ပတ်ခြင်း
ကျွန်တော်တို့ နေတဲ့နေရာက မလေးရှား နိုင်ငံ johour (ဂျိုဟိုး) ပြည်နယ် ထဲက ရွာလေးတစ်ရွာပါ ။ရွာဆိုပေ မဲ့ကျွန် တော် တို့နေတဲ့ နေရာကနေ မြို့ ကိုသွားတဲ့ ကားလမ်းကို ၂၀ မိနစ် လောက်လမ်း လျှောက်ရတယ် အဲဒီကနေမှ ၃၀ မိနစ် လောက် ကား စီးမှ ဈေး ၀ယ်လို့ရတဲ့ မြို့လေး ကိုရောက် ပါတယ် ။ အဲဒီတော့ အကြောင်း ကိစ္စမရှိရင် ဘယ်ကိုမှ မသွားကြပါဘူး။ နောက်ဆုံး ပြဿနာ တွေဖြစ်တော့ ဖြစ်ချင်ရာဖြစ် ဆိုပြီး ခရီးထွက် ဖို့လုပ်လိုက်တယ် ဖြစ်ချင်တော့ လစာက ၁၂၀လောက်ရတယ် ရပြီလေ ကွာလာလမ်ပူကို အသွားအပြန် ၄၀ ဆိုရပြီ။ အဲဒီတော့ ရတဲ့ လခလေး ကိုလမ်းစရိတ် ရင်းနှီးပြီး အလုပ်ရှာဖို့ ခရီးစထွက် လိုက်တယ် ကွာလာလမ်ပူ တဲ့ တစ်ခါမှ လဲမရောက် ဘူးသေးဘူး ဘယ်သွာရမှန်းလည်း မသိနဲ့ တောကျီးကန်းလေး လို ဖြစ်နေတယ်။ ရွှေဥာဏ်တော် အရ မြန်မာတွေ ဘယ် နေရာမှာ အများဆုံး ရှိနိုင်မလဲ ဆိုပြီးစဉ်းစားလိုက်တော့ မြန်မာဆိုင် ပေါ့.... ကဲချီတက် ပြီ ဆိုင်နာမည်က ဇေယျာ တဲ့..

တွေ့ဆုံရတဲ့မြန်မာပွဲစား
တစ်မြို့လုံးကို ပတ်ပြီးလမ်း လျှောက်လိုက်တယ်၊ ရဲဆိုတာ ကြောက်ရမှန်း လည်းမသိဘူး ၊ အဝေးပြေး ကားဂိတ် နဲ့သိပ်မဝေး တဲ့မီးပွိုင့်ထောင့် နားလေးအ ပေါ် ဒုတိယ ထပ်မှာ မြန်မာလို ရေးထားတာ တွေ့တာနဲ့ အားရ၀မ်း သာတက်ချသွားတယ် တွေ့သမျှလူတွေကို အလုပ်ရှိရင်လုပ် ပါရစေ လို့အကူ အညီတောင်း ကြည့်တယ် သူတို့ အကြည့်တွေ ကတော့ သနားစရာ သတ္တ၀ါ တစ်ကောင် ကိုတွေရတဲ့ပုံစုံ မျိုးလို အထူးအဆန်းနဲ့ ကျွန်တော် ကိုကြည့် နေကြတယ် အဲဒီလို မေး လိုက်တာ အဲဒီ ဆိုင်ကို လာသမျှ လူတွေကုန် သွားပြီလို့ ထင်တော့ ကျွန်တော် လည်း စိတ် ပျက်သွားတယ် မထူးပါဘူး မြန်မာ ထမင်းလည်း မစားရတာ ကြာပြီဆိုတော့ ထမင်းတစ်ပွဲ မှာပြီးထိုင်စား လိုက်တယ် ၊ အဲဒီလိုစားနေတုန်း အမျိုးသမီး တစ်ယောက် ကျွန်တော် အနားရောက် လာတယ် ပြီးတော့ ကျွန်တော် ကိုသေချာ ကြည့်နေတယ် ၊ ပြီးတော့ မင်းအလုပ်လုပ်မ လို့လားတဲ့ ၊ ကျွန်တော် ခေါင်းညိတ် ပြလိုက်တယ် ။ အဲဒီမှာ စမေးတော့တာပဲ ပတ်စပိုစ့်တဲ့၊ ပါမစ်တဲ့ ၊ စကားကော တတ်လားတဲ့ ဘာမှမရှိ ဘာမှမတတ်တဲ့ ကျွန်တော် ဘာပြန်ဖြေရမှန်းကို မသိဘူး၊ သူပြောတာကတော့ သူအားလုံးစီစဉ် ပေးမယ် အလုပ်က ကားအဲယားကွန်းလုပ် တဲ့စက်ရုံ လစာက တစ်လ ၁၂၀၀ လောက်ရမယ် ဒါပေမယ် တစ်လပြည့်တိုင်း သူ့ကို ၃၀၀ ပေးရမယ်တဲ့ ။ ကျွန်တော်လည်း လုပ်မယ်လို့ သဘော တူလိုက် တယ်၊ ဘာလို့လည်းဆိုတော့ အခုနေအလုပ် မရရင် နေရာဟောင်းကို ပြန်ရမယ် ဟိုမှာက တစ်လ ၄၀၀ တောင်မသေ ချာဘူးလေ၊ အဲဒါနဲ့ သူနဲ့လိုက်သွားလိုက် တယ်၊ ထမင်းတောင် ကုန်အောင်မစားလိုက်ရဘူး၊ ပြီးတော့ ဓါတ်ပုံဆိုင်မှာဓါတ်ပုံဝင်ရိုက်တယ်၊ နေရာတစ် ခုကိုသူ့ကား နဲ့လိုက်ပို့တယ် ၊ အဲဒီနေရာနာမည်က(Sungai Bulooh)စွန်ကိုင်းဘိုးလို့ တဲ့ အဲဒီမှာလည်းမြန်မာတွေရှိနေလေရဲ့ သိပ်သဘောကောင်း တဲ့မမကတော့ နောက်နေ့ကျတော့ ကျွန်တော် ကိုစက်ရုံကို လိုက်ပို့ပေးတယ်၊ ဒါပေမဲ့မနေ့ကရိုက်ခဲ့တဲ့ ဓါတ်ပုံက ပါတ် စပိုစ့် စာအုပ်တစ်အုပ်မှာ ရောက်နေလေရဲ့ ပါမစ်သက်တမ်းက ၁နှစ်နဲ့ ၈လတောင်ကျန်သေး တယ်ဗျ... အံ့ရောဗျာ.... အံ့ရော

အလုပ် သူဌေးက ဂျပန် လူမျိုး ၊အလုပ်ချိန်က မနက်၆နာရီကနေ ညနေ ၅နာရီ အလုပ်ကလည်း အေးဆေး သက်သာပါပဲ အဲဒီအလုပ်က ကျွန်တော်မလေးရှား မှာနေထိုင်ဖို့ စကားသင်ပေးလိုက်တဲ့ နေရာလေးပေါ့ ၊ အလုပ်က မိန်းကလေးတစ်ယောက် ယောကျာင်္းလေးတစ်ယောက်၊ နှစ်ယောက်တွဲ လုပ်ရတဲ့အလုပ်ပါ၊ ဘာပဲပြောပြော အဆင်ပြေ ပါတယ်။ ကျွန်တော် နောက်မှသိလိုက် ရတာက မြန်မာပတ်စပိုစ့် တစ်အုပ်ကို မလေးငွေ ၂၀၀ . ပါမစ် တစ်ရွက်ကို ၁၀၀ နဲ့အရင်းတည် ပြီး တစ်လ ၃၀၀ ပုံမှန် ရအောင်လုပ်သွား တာဗျို့.... အဲဒါပေမယ့် ကိုက မျက်စိမပွင့်သေးတော့ ၁နှစ် တိတိ ၃၀၀ ရင်းဂစ် ပေးပြီး အလုပ်လုပ်ခဲ့ရတယ် ဖြစ်ချင်တော့ အော်ပရာစီဆိုတဲ့ အသံတွေ ဆက်တိုက်ကြားရပြီးတဲ့ နောက် အလုပ်ပြုတ်ပြီးနောက် အလုပ် ထပ်ရှာရတော့ တာပါပဲ စာအုပ်လေးကတော့ အဖတ်တင် ကျန်ရစ်ခဲ့တယ်။

အဲဒီပတ်စပိုစ့် စာအုပ်လေး နဲ့မလေးရှား ကိုပတ်တာ မရောက်ဘူး တဲ့နေရာ မရှိသလောက် ပါဘဲ ... နောက်ဆုံးရောက် တဲ့နေရာဆို ရင် အားလုံး စိတ်ဝင်စား သွားမယ်... အခုတော့မရေး သေးဘူး .... ဆက်ရန်ပေါ့..... :P

Monday, April 28, 2008

မလေးရှား အမှတ်တရ(၁)

Monday, April 28, 2008 0
ဟိုတစ် ချိန်က အကြောင်း အရာလေး တစ်ခုပါ မေ့လိုသာ ရမယ်ဆိုရင် မေ့ထားလိုက် ချင်ပါတယ် ဒါပေမဲ့ ဘယ်လိုမှ မေ့လို့မရ တာက ခက်တယ်။ ပြောပြန်ရင် လည်း ကိုယ့် ပေါင် ကို လှန်ထောင်း သလိုဖြစ်နေ တယ်။ မထူတော့ပါဘူး စမိမှတော့ ဆုံးရမှာပေါ့။

ပထမခြေလှမ်း
သတင်းစာ နေ့တိုင်းဖတ်တာ မဟုတ်ပေမယ့် တိုက်ဆိုင်တာ လားတော့မသိ ကျွန်တော် ဖတ်မိတဲ့ နေ့က နိုင်ငံခြားတွင် အလုပ် သွားရောက် လုပ်ကိုင် လိုသူများ ဆိုတဲ့ ခေါင်းစဉ်နဲ့ စထားတော့ ကဲဘာပဲ ဖြစ်ဖြစ် ဆိုပြီး လုပ်လိုက်တာ နိုင်ငံခြား တကယ်ရောက် လာ တာ ... အထင်မကြီး နဲ့အုံး ပိုက်ပိုက် မရှိလို့် ချေးရငှားရသေးတယ် ..... ရောက်တယ် ဆိုရင်ပဲ ပွဲစား ပြောထားတာ နဲ့ ဒီကအ လုပ် ရှင် ပြောတာနဲ့က နည်းနည်း တော့လွဲနေပြီ ဆိုတာ ချက်ခြင်းသိလိုက် တယ်။ မျက်နှာကြည့် လေသံနား ထောင်ပြီးတော့ ............ ဒါပေမဲ့ မထူးတော့ ဘူးလေ ပြန်ရင်လည်း အကြွေး တွေ က ဘယ်လို ဆပ်မှာ လည်း ဆိုပြီး ရသ လောက် ပေါ့ဆိုပြီး လုပ်လိုက်တာ မောင်ကြီး ရွာမပြန်နိုင် တော့တာပါပဲ ။ ကျွန်တော် တို့ အလုပ်က ပရိဘောဂ စက်ရုံလေ အားလုံး စက်တွေနဲ့ ပဲ၊ စက်တွေနဲ့ ဆိုလို့ ... ဟင်းဟင်း.... စက်နဲ့ လူ အပြိုင် အဆိုင်လုပ်ရတာ မြန်မာ ကလူနည်း စုပါ တစ်ခြား နိုင်ငံသား တွေလည်းရှိတယ်။ အင်ဒိုနီးရှား ၊ ဘင်္ဂလား၊ ဗီယက်နပ်၊ နီပေါ တွေပေါ့၊ နိုင်ငံသား တရုတ် နဲ့ မလေး ကတော့သူ ဌေး နဲ့ ခေါင်းဆောင် ပိုင်းတွေ လောက် ပဲရှိတယ်။ အားလုံးထဲ မှာ မြန်မာတွေက တော့ အလုပ်နဲ့ပတ်သက် ရင်နာမည် ရပါတယ်။

ပြဿနာအစ
အလုပ်ဆို ရင်လည်း အလုပ်နဲ့ တူအောင် လုပ်မှ သူဌေးဆို တဲ့ပုဂ္ဂိုလ် တွေက သဘော ကျတတ် ကြတာ မြန်မာပြည် မှာလယ် ထဲ တနေကုန်အောင် နွားနဲ့ ဖက်ပြီး တစ်နေကုန်အောင် ရုန်းတာတောင် ထမင်းစားရရုံဆိုတော့ လည်းကြိတ် မှိတ်ပြီး လုပ်နေကြတာပေါ့ ... နိုင်ငံခြားမှာ အလုပ်လုပ်တယ် ဆိုပေမဲ့ အထင်မကြီးပါနဲ့ဗျာ... ကြက်ဥ နဲ့ ခေါက်ဆွဲ စားပြီးအိမ်ကို ပိုက်ဆံ ပို့နေတဲ့ လူတွေ အများကြီးပါ၊ ကြက်ဥ အလုံး ၃၀ တစ်ကတ် ကိုမလေးရှား ၆ ရင်းဂစ် (Ringit) ပေးရတယ်။ ခေါက်ဆွဲ အထုပ် ၅၀ တစ်ဖာ ကို ၃၀ ရင်းဂစ် ပေးရတယ် ဈေးပေါတယ် လို့မထင်နဲ့အုံး ရတဲ့ ပိုက်ဆံ က လစာထုတ် လို့ နိုင်ငံ တော်အခွန် နေထိုင်ခွင့် အခွန် တွေနှုတ် ပြီးရင် ၂၅၀ လောက်ပဲကျန် တာ ၊အဲဒီတော့ ဆေးလိပ် သောက်၊ အရက် သောက်ဆို ရင် အိမ်ကို ဘယ်လိုပို့ မလဲ အဲဒီတော့ အချိန် ပိုတွေ ရရင် ရသလိုလုပ် ကြတယ်၊၊ အဲ ဒီနေ့ ကပေါ့ .... ကျွန်တော်တို့ ထဲကတစ်ချို့ အချိန်ပို ဆင်းကြတယ် ၊ဖြစ်ချင်တော့ မြန်မာတွေ ထဲက တစ်ယောက် လက်ကို လွှ ထိ သွား တယ်၊ အဲဒါနဲ့ ဆေးရုံ ကိုချက်ချင်း ပို့တာပေါ့ ကျွန်တော်တို့ ထဲက တစ်ချို့က လိုက်မယ် လုပ်တာ ကိုစက် ရုံကခွင့် မပြုဘူး။ အဲဒါနဲ့ နောက်နေ့ မှ ပဲဆေးရုံကိုလိုက် သွားကြတယ် အလုပ်ဆင်းတဲ့ သူတွေလဲ ဆင်းပေါ့။ အဲဒီမှာ စတွေ့တာ ပါပဲ ...... ကျွန်တော် တို့ဆေးရုံ ကိုရောက် တော့မနက် ၈နာရီ ခွဲလောက် ရှိပြီ အဲဒီအချိန် ထိလူနာကို ဘာမှမလုပ် ပေးဘူး။ သူ့ရဲ့ လက်တွေက ညိုမည်းပြီး ပုတ်နေ ပြီ တစ်ညလုံး သွေးတွေ ထွက်ထားတော့ မျက်နှာမှာ လည်းသွေး မရှိတော့ဘူး၊ စကားတောင် မပြောနိုင် တော့ဘူး။ ဘာဖြစ်လို့ လဲမေးတော့ ပိုက်ဆံ မသွင်းထား လို့တဲ့ ၊ ကျွန်တော်တို့ လည်းစက်ရုံ ကိုဖုန်းဆက် တော့သူတို့နဲ့ မဆိုင်ဘူးတဲ့ ၊ ကဲ... ဘယ်လိုလုပ် မလဲ တစ်ယောက် ကစက်ရုံကို ပြန် ရှိ သမျှ ပိုက်ဆံတွေ အားလုံးစု ပြီး ဆေးရုံအာမခံကြေး သွင်းလိုက်ရတယ် ၊ အားလုံး ၁၂၀၀ ရင်းဂစ်။ အဲဒီတော့ မှ စပြီး လုပ်ပေး တယ် စိတ် မကောင်း စရာက လက်ချောင်း ၂ချောင်းကို ဖြတ်ပြစ်လိုက်ရတယ်။

ပြဿနာတွေရှင်းကြပြီ
နောက်နေ့လဲ ကြရော မြန်မာတွေ အားလုံး ဒီကိစ္စကို မဖြေ ရှင်းပေးရင် အလုပ်မဆင်းဘူး ဆိုပြီး ဆန္ဒပြကြတယ်၊ ကျွန်တော် တို့ အုပ်စု ကလည်း သံရုံးကိုဖုန်းဆက် ထားတယ်၊ အဲဒီလိုနဲ့ နေ့လည် ကြတော့ စက်ရုံက သူဌေး နဲ့သူ့ လူတွေလိုက်လာတယ် အခုချက်ချင်း အလုပ် ပြန်ဆင်းပါ မဆင်းရင် ရဲခေါ်ဖမ်းခိုင်းမယ် ဆိုပဲ။ စပြီ ကိုရွှေ ကိုမျိုးတွေ ကဆင်းမယ် မဆင်းဘူးတွေ ဖြစ်ကုန်ရော.. ကျွန်တော်က တော့ဆုံးဖြတ်ချက် ချပြီးသား ဒီကိစ္စကို မဖြေရှင်းပေး မချင်းလုံးဝ မဆင်းနိုင်ဘူးလို့ ၊ရဲမကလို့ ရဲ အဘပဲခေါ် ဖမ်းပါစေ..... ရှင်းပါတယ် နောက်တစ်ခါ ဒီပြဿနာ မျိုးထပ်ဖြစ် ရင်အခုလို ပဲခံရတော့မယ် ။ အဲဒီမှာ ပြောကြဆိုကြပြီး ၅ယောက် ကားနဲ့ပါသွားတယ်။ ရှိတာကအား လုံး အယောက် ၃၀ ။ နောက် ၂ရက် နေ မှသံရုံးက ဖုံးဆက်တယ် စက်ရုံ နဲ့အပြန် အလှန်ပေါ့ ။ ကျွန်တော် တို့ရဲ့ မြန်မာသံ ရုံးကလဲ အား ကိုး ရပါတယ် အခုချက် ချင်းအလုပ်ပြန်ဆင်း ပါတဲ့ ၊မြန်မာ သံရုံးရဲ့ ပါဝါ နဲ့ အလုပ် ကို အဲဒီ ကျမှ သိတာ၊ ပါဝါကတော့ ဘယ်သူဘာပြောပြော အင်းလုပ်ဖို့နဲ့ အလုပ်ကတော့ ရသမျှ အခွန်ကောက်ဖို့ပါ၊ ကျွန်တော်တို့ ကတော့မဆင်း နိုင်ဘူး နောက်ဆုံး ညှိကြရင်း နဲ့ လုပ်ငန်းခွင်မှာမတော် တဆ ထိခိုက်မှု ဖြစ်ရင် တာဝန်ယူ ပါမယ်ဆိုတာ ကျွန်တော် တို့ဘက်ကရလိုက် တယ်။ ဒါပေမဲ့ အလုပ်တစ် ရက်ပျက် ရင် ၃ ရက်စာဖြတ် မယ်ဆိုတာရယ် ၊ ၁ မိနစ် နေက်ကျရင် ၁နာ ရီစာ ဖြတ်မယ်ဆိုတာရယ်၊ နေမကောင်း လို့နားရင်ဆရာဝန် လက်မှတ်ပေး ရမယ်ဆို တာရယ် ကျွန်တော်တို့ ဖက်က ပြန်ပေးလိုက်ရတယ်။ နောက်နှစ်လ ပဲခြားတယ် နောက်တစ် ယောက် လက်ခြောင်း ၄ ချောင်းထိသွားတယ် ကဲ ဘာပြော ကောင်းမလဲ.... သူကတော့ တစ်ခြား လူမဟုတ်ပါဘူး သူဌေးကားနဲ့ လာခေါ်တုန်းက လိုက်သွားတဲ့ တစ်ယောက်ပေါ့။ ဒါပေ မဲ့ ဘာတတ်နိုင်မလဲ ကိုယ့်လူမျိုးဆိုတော့ ဘယ်လိုလုပ်ပြီး ကြည့်နေနိုင်မလဲ ဒီလိုပဲဝိုင်းလုပ် ကြပြန်ပေါ့။

နောက်ဆုံးခန်းလေး ပြောရအုံးမယ် လက်ဖြတ်လိုက် ရတဲ့တစ်ယောက် က လျော်ကြေးရပြီး ပြန်သွားတယ်။ လက်လေးချောင်း သမားကတော့ ဟိုလိုလို ဒီလိုလို နဲ့ မလေးရှား ပြန်ဖြစ်သွားတယ်ဗျ...... ကျွန်တော် လား..... ဟဲဟဲ ...... နောက်ဆက်တွဲ တွေ ကျန်သေး တာပေါ့......

Saturday, April 19, 2008

မထောက်ခံပါ (သို့မဟုတ်) NO

Saturday, April 19, 2008 0


ကျွန်တော်တို့ရဲ့ အမိမြန်မာပြည် ဟာဆိုရင်ယခုအချိန်မှာ အရေးအကြီးဆုံး အခြေအနေကို ရောက်နေပါပြီ၊ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေအားလုံး မိမိတို့ရဲ့ ဆန္ဒကို သက်သေပြရမဲ့ အချိန်ဟာအင်မတန်မှ နီးကပ်နေပါပြီ။ ဘာလို့လည်းဆိုတော့ မိမိတို့ရဲ့ အနာဂါတ် ဘ၀ခရီးနဲ့ သားစဉ်မြေးဆက် အတွက်အင်မတန်မှ အရေးကြီးတဲ့ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုထောက်ခံ ရေးကြောင့် ပဲ ဖြစ် ပါ တယ်။

ကျွန် တော်ဟာ မြန်ပြည်သားပါ မြန်မာနိုင်ငံရေး ဟာလည်းမြန်မာပြည်သားတိုင်း ရဲ့တာဝန်ပါ တစ်ခုရှိတာက လူသား တစ် ယောက် အနေနဲ့ မိမိကိုဆရာ လုပ်မယ့်သူ ကိုမိမိကိုတိုင် ရွေးချယ် တတ်ဖို့ပါပဲ ဒေ၀ဒတ် ကိုဆရာ တင်မိသလို မျိုး တော့ အ ဖြစ် မ ခံစေချင်ပါဘူး ၊ ကို့ကို ဘယ်လိုအုပ်ချုပ်မယ် အုပ်ချုပ်မယ့်ပုံစံကကော ကိုယ် တစ်ကယ် လက္ခံနိုင်ရဲ့ လား တိုင်းပြည် တစ်ပြည်လုံး ကောင်း စားမှာလား ဆိုတာ လည်းစဉ်းစား စရာလိုပါတယ် ၊ အခြေအနေ အရလုပ်ရတာပါ ဆိုတဲ့ ဆင်ခြေ ပေးရမဲ့ အချိန်မဟုတ်တော့သလို တွေဝေစရာ မ လိုတော့ပါဘူး ၊ တော်တော်များများ လည်း ဖွဲ့စည်းပုံကိုဖတ် ပြီးလောက်ပါပြီ ပြည်သူတွေ အတွက်ဘယ်လောက် ကောင်းပြီး စစ်တပ်အာဏာ တည်မြဲရေး အတွက် ဘယ်လောက်များတယ် ဆိုတာတော်ရုံတန်ရုံ လောက်စည်းစား တတ်တယ် ဆိုရင် တွေ့နေရပါပြီ ၊ အခုရေးဆွဲထားတဲ့ဖွဲ့စည်းပုံက နိုင်ငံတော် ရဲ့ နိုင်ငံသား အခွင့်အရေး မဟုတ် ဘဲ တပ်မတော် သားများ အခွင့်အရေး ဖွဲ့စည်းပုံ သာဖြစ်ပါတယ်။


ဘာကြောင့်လည်းဆိုတော့ အခုရေးဆွဲထား တဲ့ ဖွဲ့စည်းပုံမှာ အများပြည်သူရဲ့ ဆန္ဒကို အစိုးရက ဖော်ဆောင် ပေးရေး ဆိုတဲ့ အချက်ကို လုံးဝလစ်လျှူရှု ထားတာကတစ် ကြောင်း ၊ လွှတ်တော် မှာပြည်သူက အသိ အမှတ် ပြုတဲ့ ဦးရေ နဲ့ အသိ အမှတ်မပြုတဲ့ ဦးရေယှဉ်ရင် အသိအမှတ် မပြုတဲ့ဦးရေ က ပိုမိုပါဝင် နိုင်တာကြောင့် ရရှိမယ့်အခွင့်အရေး နှင့် အကျိုးခံစာခွင့်တွေဟာ လည်းပြည်သူ တွေအတွက် မဖြစ်နိုင်ပါဘူး၊၊

နောက်တစ်ခုက အကြောင်းအမျိုးမျိုးကြောင့် ထောင်ထဲရောက်နေသူများသော် လည်းကောင်း၊ လက်ရှိအစိုးရရဲ့ လုပ် ရပ် တွေကိုဝေ ဖန်လို့ ထောင်ထဲ အတင်းအဓမ္မ ထည့် ထားတဲ့ ပုဂ္ဂိုလ်များမှာ လည်း လွတ်လပ်စွာ ဆန္ဒမဲ ပေးခွင့် ရှိရပါမယ်၊ ရဟန်း သံဃာတော်များ သည်လည်း မဲပေးခွင့် ရှိရပါမယ်၊ အဘယ့်ကြောင့် ဆိုသော် ထိုသူများ သည်လည်း လက်ရှိနိုင်ငံသား စာရင်းတွင်ပါဝင် သော ကြောင့်ဖြစ်ပါတယ်။ လက်ရှိနိုင်ငံ သား စာရင်းတွင် ပြည်ပရောက် နိုင်ငံသားများလည်း ပါဝင်သည်၊ ယခုလက်ရှိ အခြေအနေ မှာပြည်ပရောက် နိုင်ငံသားအများစု မှာမြန်မာသံရုံးနှင့် အဆက်အသွယ် မရှိသောကြောင့် မဲပေးခွင့် မရှိ၊ ပြည်သူလူထု ဆန္ဒကို ဦးစားမပေးပဲ တစ်ဘက်သတ် ရေး ဆွဲ ထားတဲ့ ဖွဲ့စည်းပုံ နဲ့ ဥပဒေ ကို မိမိတို့ ရဲ့ အရှင်သခင်အဖြစ် အုပ်ချုပ်တာ ခံနိုင်ကြပါသလား။

ဘယ်နိုင်ငံမှာ မဆို ဒီမိုကရေစီ စနစ်မှာ ပြည်သူလူထု အများစုရဲ့ ဆန္ဒကို အစိုးရက ဖေါ်ဆောင်ပေးရေး ဆိုတဲ့အချက် ဟာဒီမိုကရေစီ စနစ်တစ်ခု ရဲ့ အသက်ပါ ခင်ဗျား...... အဲဒီတော့ အခု ထောက်ခံပွဲလုပ်တော့မယ့် ၁၂ နှစ်ကြာ အချိန်ဆွဲ ရေးဆွဲ ခဲ့တဲ့ စစ်အစိုးရတစ်ခုသာ ကောင်းစားရေး ဖွဲ့စည်းပုံကြီးအား မထောက်ခံပါ (သို့မဟုတ်) NO လို့မဲပေးလိုက်ကြပါစို့လား....





Sunday, April 13, 2008

water fastival in Denmark

Sunday, April 13, 2008 0












Photobucket




Photobucket
Photobucket
Photobucket

Thursday, April 3, 2008

ကျွန်တော်လွမ်းတဲ့ သင်္ကြန်ပွဲ

Thursday, April 3, 2008 0
အတာကူး လတန်ခူး
ပျော်ကြမြူးကြ သင်္ကြန်ခါ
ပန်းပိတောက်တွေ ထိန်ထိန်ဝါလို့
ရေပက် ကြတဲ့ပွဲ။

ကားကြီးတစ်မျိုး ကားငယ်တစ်ဖုံ
ခြေလျှင်ရယ် အသွယ်သွယ်နဲ့
ရွှင်မြူးစွာ မောင်မယ် ပျိုတို့
ရေပက်ခံတဲ့ပွဲ။

တူးပို့သံညံ
နန်းဆန်ဆန် ရွှေမန်းဟန်နဲ့
လှသွေးကြွယ် လုံမေပျိုတို့
ကခုန်ကြတဲ့ပွဲ။

သင်္ကြန်ပိုးမောင်တို့
ပြိုင်ဆိုင်ကာ မဏ္ဍပ်ဆောက်လို့
ပျော်ရွှင်ကြောင်း ဆုမွန်တောင်းရင်း
သံချပ်ထိုးတဲ့ပွဲ။

ဘိုး ဘွား ဖေ မေ
ဆင်မြန်းကာ ရောဂီရောင်နဲ့
ကြည်ညိုစရာ ဘုရားကျောင်းမှာ
ကုသိုလ်ယူတဲ့ပွဲ။

မြန်မာတို့ရဲ့
ဘိုးဘွားမွေ ယဉ်ကျေးမှုနဲ့
ထုံးတမ်းစဉ် ရိုးရာဓလေ့
ဖေါ်ထုတ်ပြတဲ့ပွဲ။

ပျော်စရာစုံ
ဒီချိန်ခါ လွမ်းစရာကြုံတဲ့
မွေးရပ်မြေ ရွှေမြန်ပြည်က
ကျွန်တော်လွမ်းတဲ့

နှစ်သစ်ဦးမှာတဲ့
အတာကူးတဲ့ သင်္ကြန်ပွဲ။ ။

Wednesday, April 2, 2008

ဖွဲ့စည်းပုံ

Wednesday, April 2, 2008 0
၁၉၉၀ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ။
၁၉၉၀
၂၀၀၈

Saturday, March 22, 2008

3colums တန်းပလိပ်များ

Saturday, March 22, 2008 0

DownloadXML file




Download XML file





Download XML file




Download XML file






Download XML file




DownloadXML file

Friday, March 14, 2008

အငုံပန်း

Friday, March 14, 2008 0
တိတ်တခိုး
ကြိတ်ပိုးပါတဲ့ ကို့ဖြစ်အင်
ကိုချစ်တာ သူလေသိပါဘု
ရင်ဖွင့်ကာ ဘယ်လိုပြရပ
တွေးရခက်မှန်း။

ချစ်တယ်လို့
ဖွင့်ပြောဖို့ ခက်ရယ်ကြုံ
ဆုံပြန်တော့ မြုံနေမိတယ်
ချစ်တဲ့သူ ပျော်ရွှင်ကြောင်းရယ်
ငုံလိုက်တဲ့ပန်း။

Saturday, March 1, 2008

ဆန္ဒ

Saturday, March 1, 2008 0
သူငယ်ချင်း • • • • •
မင်းလည်း လိုချင်နေမှာပါ
ငါလည်း လိုချင်နေမိတယ်
လူတစ်ယောက်ရဲ့ အခွင့်အရေး တွေ • • • • •

သူငယ်ချင်း • • • • •
မင်းလည်း မျှော်လင့်နေမှာပါ
ငါလည်း မျှော်လင့်နေတယ်
ကိုပိုင် လွတ်လပ်ခွင့် ကို • • • • •

သူငယ်ချင်း • • • • •
မင်းလည်း စဉ်းစားနေမှာပါ
ငါလည်း စဉ်းစားနေတယ်
ဘယ်တော့မှ လွတ်လပ်မှာလဲ လို့ • • • • •

သူငယ်ချင်း • • • • •
မင်းလည်း မုန်းတီးနေမှာ
ငါလည်း မုန်းတီးနေတယ်
အာဏာရှင် စနစ်ကို • • • • •

သူငယ်ချင်း • • • • •
မင်းမှာလည်း ရှိနေမှာပါ
ငါ့မှာလည်း ရှိနေတယ်
အာဏာရှင်ကို တော်လှန်ဖို့ • • • • •

သူငယ်ချင်း • • • • •
မင်းလည်း ဆုတောင်းနေမှာပါ
ငါလည်း ဆုတောင်းနေမိတယ်
ပြည်သူအားလုံး အေးချမ်းပါစေလို့ • • • • •

Tuesday, February 26, 2008

Hvad Nu Hvis

Tuesday, February 26, 2008 0
ဒိန်းမတ်သီချင်း လေးပါ ဒီအချိန်သာဆိုရင် လို့အဓိပ္ပာယ်ရပါတယ်... ကလေးဘ၀ကအကြောင်းလေး ကိုတမ်းတ တဲ့ သီချင်းလေးပါ။
Hvis jeg var et sejlskib på det åbne hav,
var hun vinden, der tog mig hjem.
Hvis jeg var en kornmark,
var hun sommerregn, der endelig kom igen.
Og hvis jeg var en storby,
var hun energien, der gav mig liv og lys nu.
Og hvis jeg var 7 år igen,
var hun sneen, der faldt uden for mit vindue.

Hun betyder alt for mig,
lad det aldrig vende.
Hun er mit et og alt,
jeg vil ikk' stå alene.

Så hvad nu hvis stjernerne en dag var væk,
og hvad nu hvis vinden døde stille hen.
Og solen aldrig mere ville vise sit ansigt.
Hvad sku' jeg så gør'?
Og hvad nu hvis sneen smeltede bort,
og hvad nu hvis regnen udeblev.
Hvad nu hvis alting blev helt sort.
Jeg håber det aldrig sker, jeg har brug for dig her.

ohoh, oh oh oh oh oh oh. ohoh, oh oh oh oh oh oh.

Hvis jeg var en sommerfugl,
så var hun solens stråler, der varmede mine vinger.
Hvis jeg var faret vild i skoven,
var hun stjernerne for oven, der viste mig vej, min sti finder.

Hun betyder alt for mig,
lad det aldrig vende.
Hun er mit et og alt,
jeg vil ikk' stå alene.

Så hvad nu hvis stjernerne en dag var væk,
og hvad nu hvis vinden døde stille hen.
Og solen aldrig mere ville vise sit ansigt.
Hvad sku' jeg så gør'?
Og hvad nu hvis sneen smeltede bort,
og hvad nu hvis regnen udeblev.
Hvad nu hvis alting blev helt sort.
Jeg håber det aldrig sker, jeg har brug for dig her.

(Jay) Det' mit liv, jeg nyder showet. Jeg ved, at det lyder flovet,
men jeg har ting jeg vil gøre før min tid er gået.
Det er de ting jeg kan vide, at der betyder noget.
Hey stjerne i det fjerne, hvis mig vejen jeg følger den gerne.
Vi gjorde det, vi er her. Det der ikke slog os ihjel, gjorde os stærkere.
(Nik) Nik, yo. Lad mig kæmpe lidt, elske lidt. Jeg er her jo kun for et øjeblik.
Før tidevandet vasker det hele væk, vil jeg skrive for mig og mine,
og jeg prøver på at skrive for dig og dine,
for der er ingen, der fortjener at leve alene.

Så hvad nu hvis stjernerne en dag var væk,
og hvad nu hvis vinden døde stille hen.
Og solen aldrig mere ville vise sit ansigt.
Hvad sku' jeg så gør'?
Og hvad nu hvis sneen smeltede bort,
og hvad nu hvis regnen udeblev.
Hvad nu hvis alting blev helt sort.
Jeg håber det aldrig sker, jeg har brug for dig her.

ohoh, oh oh oh oh oh oh. ohoh, oh oh oh oh oh oh.
ohoh, oh oh oh oh oh oh. ohoh, oh oh oh oh oh oh.


listenDownload

Saturday, February 9, 2008

နှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်ရေး ဆွေးနွေးပွဲအစီရင်ခံစာ လွဲအပ်

Saturday, February 9, 2008 0
နှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်ရေး ဆွေးနွေးပွဲအစီရင်ခံစာ လွဲအပ်

မောင်ရမ္မာ

ဖေဖေါ်ဝါရီလ ၆ ရက်၊ ၂၀၀၈ ခုနှစ်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် မကြာသေးမှီက မြန်မာနိုင်ငံကို သွားရောက်ခဲ့သည့် ကိုယ်စားလှယ်အဖွဲ့မှ ထုတ်ပြန်ချက်အစီရင်ခံစာကို နိုင်ငံခြားရေးရာ အကြံပေးအရာရှိ ဒေါက်တာ အိုင်ဖ်ကာအာမတ်ချော်ဒရီ ထံ ယမန်နေ့က လွဲအပ်ပေးလိုက်ကြောင်း သတင်းရရှိသည်။


ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် မကြာသေးမှီက မြန်မာနိုင်ငံကို သွားရောက်ခဲ့သည့် ကိုယ်စားလှယ်အဖွဲ့မှ ထုတ်ပြန်ချက်အစီရင်ခံစာကို နိုင်ငံခြားရေးရာ အကြံပေးအရာရှိ ဒေါက်တာ အိုင်ဖ်ကာအာမတ်ချော်ဒရီ ထံ ယမန်နေ့က လွဲအပ်ပေးလိုက်ကြောင်း သတင်းရရှိသည်။


ဘင်္ဂလာဒေ့ခ်ျ ကိုယ်စားလှယ်အဖွဲ့သည် နှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်နိုင်ရေးနှင့် အတတ်ပညာ ပိုင်းဆိုင်ရာ စေ့စပ်ဆွေးနွေးရေး အခြေခံအုတ်မြစ်ချစ်ရန် သွားရောက်ခဲ့ခြင်းဖြစ်သည်။


၎င်းကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားအတွင်းဝန် MAK မိုဟာမတ် ဦးဆောင်ပြီး သူနှင့်အတူ ရေအား လျှပ်စစ်ထုတ်လုပ်ရေး ဒါရိုက်တာ ဘင်္ဂလာဒေ့ခ်ျ ရေတပ်အရာရှိ မီယာအိုင်ဒါဒူဟော့နှင့် နိုင်ငံခြား ရေးရုံးမှ UNCLOS ဒါရိုက်တာ M နာဇူလ် အစ္စလန်တို့ လိုက်ပါသွားခဲ့သည်။


၂၀၀၇-ခုဧပြီလတွင် နိုင်ငံခြားရေးရာ အကြံပေးအရာရှိ ဒေါက်တာ အိုင်ဖ်ကာ အာမတ်ချော်ဒရီ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ခဲ့သည့်အချိန်တွင် ၂၁ နှစ်တာ အငြင်းပွါးနေသော နယ်နိမိတ် သတ်မှတ်ရေးအကြောင်းအရာများကို စတင်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။


သူပြန်လာပြိးနောက်ပိုင်း နှစ်နိုင်ငံ ပင်လယ်ရေကြောင်း နယ်နိမိတ်သတ်မှတ်နိုင်ရန်အတွက် အတတ် ပညာပိုင်းဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲပြုလုပ်ရန် အဆိုပါကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွတ် ပေးခြင်းဖြစ်သည်။


အစီရင်ခံစာ လွဲအပ်ပွဲအခမ်းအနားတွင် နိုင်ငံခြားရေးရာ အကြံပေးအရာရှိက “မြန်မာဝန်ကြီးအဖွဲ့နဲ့ သဘောတူညီမှုရရှိခဲ့တဲ့ အတတ်ပညာပိုင်းဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲကို စတင်သင့်တယ်၊ ကျနော်တို့ အိမ်နီးနားချင်းပီသစွာ ဆက်ဆံရေးနဲ့ မတူညီတဲ့ ကွဲပြားမှု တွေထဲက ကွဲပြား နေတဲ့ အကြောင်းအရာတွေကို အစည်းအဝေးလုပ်ပြီးတော့ တသီးတခြားစီ ဆွေးနွေးရမယ်” ဟု ပြောသည်။


ဘင်္ဂလာဒေ့ခ်ျနိုင်ငံအနေဖြင့် နှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်ရေးအပြင် နှစ်ဦးနှစ်ဘက်နှင့် သက်ဆိုင် သော အစီအစဉ်များဖြစ်သည့် လမ်းပမ်းဆက်သွယ်ရေး၊ ဆန်တင်သွင်းရေး၊ လယ်ယာမြေ သဘောတူညီချက်စာချုပ် ချုပ်ဆိုရေး၊ စွမ်းအင်ပူးပေါင်းလုပ်ဆောင်ရေး၊ ကုန်သွယ်ရေး ကျယ်ပြန့် အောင် လုပ်ဆောင်ရေးနှင့် ပူးတွဲကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းခြင်းများကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Monday, January 7, 2008

Monday, January 7, 2008 0
ည.....
အိပ်မပျော်တဲ့ ညတွေ
စဉ်းစားရင်း အတွေးနယ်ချဲ့
ဦးနှောက်ကနေ ရင်ထဲအရောက်
လန့် ပြီးရင်ကိုအစမ်း
ဘာမှမရှိပဲဟာနေတယ်။

ငါလေ.....
ငါ့ရင်ထဲမှာ......
တစ်ခုခုတော့ရှိသင့် မှန်း
အခုတော့..... အခုတော့

ကြမ်းတမ်းတဲ့ ခရီးလမ်းကြောင့်
ပြုတ်ကျ ခဲ့ပြီလား......
မလွတ်လပ်တဲ့ နေရာဒေသကြောင့်
မဖွံ့ဖြိုး ခဲ့တာလား.....
ဖိနှိပ်မှု့ တွေကြောင့်
ပျေက်ဆုံး ခဲ့ပြီလား.....

လူတိုင်းသိတဲ့ အချစ်
လူတိုင်းသိတဲ့ မေတ္တာ
ငါ့မှာမသိ.....

လူတိုင်းရှိတဲ့ အချစ်
လူတိုင်းရှိတဲ့ မေတ္တာ
ငါ့မှာမရှိ.....

ငါ့မှာရှိတာက......
အေးစက်နေတဲ့နှလုံးသားမဲ့တဲ့ (ရင်ခွင်)။ ။




Tuesday, January 1, 2008

နှုတ်ဆက်တယ် ၂၀၀၇

Tuesday, January 1, 2008 0
ဆူညံတဲ့ အသံတွေကြား
လူးလွန့်ပြီး အိပ်ရာက
ထကြည့်လိုက်တယ်
မီးရှုး မီးပန်းတွေနဲ့ နှစ်သစ်ကို
ကြိုဆိုနေကြပြီ

ငါလေ
ဟိုတစ်ချိန်က
သူတို့တွေလိုပဲ နှစ်သစ်ကို
ကြိုဆိုခဲ့ဖူးပါရဲ့

ငါလေ
ဒီလိုအချိန်ပေါ့
တစ်ခါမှမရောက်ဖူးသေးတဲ့
နေရာသစ်တစ်ခုကိုသွားဖို့
တိတ်တဆိတ်ပြင်ဆင်နေခဲ့တယ်

ငါလေ
အဲဒီအချိန်ကစလို့
ငါသိပ်ချစ်တဲ့နေရာလေးကို
ထာဝရ ခွဲခဲ့ရတယ်

ငါလေ
အခု.... ဒီအချိန်တွေကိုရောက်တိုင်း
ကြောက်ရွံ့နေမိတယ်
ဘယ်အရာတွေထပ်ပြီးပြောင်းလဲအုံးမှာလဲလို့

သေချာပါတယ်
ငါရဲ့နုပျိုခြင်း ကို
ပထမဦးဆုံး ပြောင်းလဲလိုက်ပြီ

နောက်ထပ်
ငါရေးနေကြ နေ့စွဲ
ငါ ........
ငါ ........
ငါ ........(ရဲ့)

အားလုံးကိုပြောင်းလဲလိုက်ရပြီ
သေချာတာတစ်ခုကတော့

ငါလေ
စိတ်မပါ လည်းပဲ
သူခေါ်ဆောင်ရာကို
လိုက်ရတော့မှာပါ

နောက်ဆုံး
ပြောချင်တာတစ်ခုကတော့
ငါနှုတ်ဆက်တာကို
မကျေနပ်လည်း လက္ခံပါ
2007 ရေ






GO TO Home
 
◄Design by Pocket