Sunday, November 18, 2007

မီးအိမ်ရှင်

Sunday, November 18, 2007
ဆေးရောင်ပျယ်လွင့်နေတဲ့
မှုန်ပျ ပျပန်းချီကား တစ်ချပ်။
လမိုက်ညတွေနဲ့ 

မဟူရာဘ၀တစ်ခု။
မညီညာသံစဉ်တွေနဲ့ 

ငိုညည်းနေတဲ့ကြိုးပြတ်ဂီတာ။
အမင်္ဂလာတွေရဲ့  မိတ်ဆွေ

ငှက်ဆိုးတစ်ကောင်ရဲ့  တေးသီချင်း။
ဒီ.....အရာတွေနဲ့  ၀န်းရံထားတဲ့

ကိုယ့်ရဲ့  အခန်းကျဉ်းလေးကို.....
စိုပြေမှု့ နဲ့  အလင်းရောင်တွေ၊
သူ......

ဆောင်ကျဉ်းလာခဲ့တယ်
ကိုယ့်ဘ၀ထဲက
ပြန်ထွက်မသွားပါနဲ့ တော့
မီးအိမ်ရှင်ရယ်။ ။

0 comments:

Post a Comment

 
◄Design by Pocket