Sunday, November 18, 2007

ဝင်ကြည့်လှည့်ပါ

Sunday, November 18, 2007
ဘ၀တစ်ခု အစပြုရ ထိုတစ်ညမှာ
မီးရှူးသန့် စင် မျက်နှာမြင်ပြီ
သားယောက်ျားလေး ဘုရားပေးတဲ့။
အိုဟဲ့!!!သားလေး ရှားပါးလေးကို
မွေးဖွားပေးရ ငါ့ဘ၀မှာ
မိခင်ဖြစ်ရ မြင့်မြတ်လှဟု
အမေ့စိတ်ဝမ်း ပီတိလွှမ်းသည်
တစ်ညဆီက ထိုဘ၀။
ပီတိဝေလွှမ်း မမောပန်းအား
သားကောင်းရတနာ ဖြစ်လိုရာသာ
စိတ်မှာဦးခိုက် တောင်းဆုဆိုက်ရည်
တစ်ညဆီက ထိုဘ၀။
ဘ၀ရဲ့ တစ်ည တဒင်္ဂတွင်
ဘ၀င်အပေါင်း ခညောင်းစုရုံ
တောင်းဆုစုံရ အမေ့ဘ၀မှာ
ညများသင်္ချာ များပြားလာပြီ
ရင်မှာ မည်သို့  ရှိအံ့နည်း။
အသင်မှာ မည်သို့  သိအံ့နည်း။
ဩော်......
အသင်မှာ မည်သို့  သိအံ့နည်း။ ။

0 comments:

Post a Comment

 
◄Design by Pocket