ချစ်သူရယ်.....
လွမ်းရ ရက်တို့ 
တစ်သက် ကြာရှည်
ခံစားစေလို့ 
ပန်းကြွေအနွမ်းမှာ
မျက်ရည်လွှမ်းရင်း
တမ်းချင်းတစ်စုံတစ်ရာအတွက်
တဆတ်ဆတ်တုန်လျက်
နူတ်ခမ်းပါး နှစ်လွှာ မှ
မပီမသ ပွင့်ဟခဲ့တဲ့
သူမရဲ့ .............
အစီအစဉ် မကျတဲ့ဝါကျ တစ်ကြောင်း။
နှောင်းခဲ့ပါပြီမို့ 
ဟောင်းခဲ့ပြီလို့ ပဲ
သခင် ထင်မလား။
အကြင်နာ ဖယ်ခွာရုပ်သိမ်းပေမဲ့ယ့်
စိမ်း၇ုပ်သွင် ကိုယ့်ရင်မှာ မရှိပါဘု
သူ့  ကိုပဲတမ်းလျက်ပင်
ကျွမ်းပျက်ချင် ဘ၀င်အသဲည်းလေငဲ့
နွမ်းယဲ့ ရင် နာကျင်ဆဲကိုလ
မြင်လှည့်ပါ့ ချစ်သူခင်
ပစ်ခွာမကြင် ဒီဘ၀ဝေးတောင်မှ
သစ်ရှာမမြင် သံသရာ ဘ၀ထဲမှာဖြင့်
ကြွေလွင့်ရာ ကံကြမ္မာ ပန်းတွေနဲ့ 
ဝေတင့်ကာ မေတ္တာ လွှမ်းရအောင်
ချစ် နန်းဆောင် မောင် ခေါ်မ၀ံ့ပြီပဲ
စိုးထင့်ဆဲ နွမ်းဘ၀င်
ကျွမ်း မကြင် သခင် ပစ်ရက်ကြောင်းရယ်နဲ့ 
သံယောဇဉ် ရစ်ပတ်ဟောင်းကိုမှ
ချစ်လက်စနှောင်း။ ။
Sunday, November 18, 2007
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment