Sunday, June 22, 2008

အမေ့အပြုံး

Sunday, June 22, 2008
တစ်နေ၀င် တစ်နေထွက်
နုပျို လန်းဆန်း
တက်ကြွ ခဲ့တဲ့
အမေ့ ဘဝ
မုန်တိုင်းတွေ လည်းထန်ခဲ့တယ်၊၊

ရာသီမုန်တိုင်း
ဘယ်လိုကြမ်းလဲ
တိမ်ကင်းစင်တဲ့
ကောင်းကင်ပြာလို
အမေ့အပြုံး ဝေခဲ့တယ်၊၊

ရစဉ်ခဏ လူ့ဘ၀မှာ
သူ ပေးဆပ်ရင်း
အနစ်နာခံလို့
တို့ ဘ၀တွေ မြှင့်မားစေဖို့
လမ်းပြ ဦးဆောင်ပေးခဲ့တယ်၊၊

တစ်နေ့မှ တစ်လကူး
အချိန်တွေဘယ်လိုပြောင်း
နှစ်တွေလည်း ဟောင်းလို့
နုပျိုခြင်းတွေ အိုမင်းသွားပေမဲ့
အမေ အရှုံးပေးမယ် ထင်နေလား။ ။


0 comments:

Post a Comment

 
◄Design by Pocket