Monday, June 2, 2008

ဘလော့ မိတ်ဆွေများ

Monday, June 2, 2008
ဘလော့နှင့် ပတ်သက်ပြီး ဘာမှန်းမသိခင် က ဘလော့နှင့်ပတ်သက်ပြီး စတင်မိတ်ဆက် ပေးခဲ့ဘူတဲ့ သူတစ်ယောက် ရှိပါတယ် သူကတော့ ညီမလေးမီးသော် ပါ အဲဒီကနေ ဘလော့စလုပ်ဖို့ စိတ်ကူးတော့ ဘယ်ကဘယ်လို စရမှန်းကို မသိဘူး ရေငတ်တုန်းရေ တွင်းထဲကျပေါ့ ဆရာတစ်ယောက်ကောက်ရ လိုက်တယ် သူကတော့ ဂေါ်မစွံသေး တဲ့ လူပျို ချောကြီး ညီလေးချစ်စမ်း ပါ ဆရာကအွန် လိုင်းသင်တန်း ပေးတယ် သူမပေးရင် လည်းပေးအောင် နည်းနည်းတော့ စိုက်ရပေါ့ (တော်ကီ) အဲဒီအချိန် ပဲ ညီငယ်တစ် ယောက်နဲ့ အတူ လေ့လာလိုက် တာ ကျွန်တော်ရဲ့ ရင်ခုန်သံလေး ဖြစ်လာတာပါ ပဲ ကျွန်တော်နဲ့ အတူ ဘလော့ ကိုစရေးတဲ့သူကတော့ မောင်ရင်ငတေ ပါ။ ကို့ဘလော့ လေးပြီးသလောက် ဖြစ်သွားတော့ ပိုစ့်တွေ စတင်တယ် ပိုစ့်က ကဗျာတွေပါ ကျွန်တော် က အရေးအသား သိပ်မကောင်းတော့ များများ လည်းမရေးဖြစ် ဘူး (ကို့ကိုယ်ကိုသိတယ်လေ) အဲဒီလိုနဲ့ ဆယ့်နှစ်မျိုး ဂျင်းသုပ် ဘလော့လေးတစ်ခုဖြစ်လာတော့ တာပါပဲ။ ဘလော့ လေးတော်တော် အဆင်ပြေ သွားတော့ အလည်ထွက်တယ် ပြောမယ်ဆို လိုက် ကြွားတာပေါ့ ၊ ပထမဆုံး အိုင်နောက်က အက္ခရာ ဂျေရဲ့ စီဘောက်ထဲမှာ ကြော်ငြာ တင်လိုက်တယ် သူကလည်းမဆိုးပါဘူး အလိုက်တသိ ပဲကြော်ငြာ ဖြန့်လိုက်တာ လိုက်လာတဲ့ သူတွေထဲမှာ ဆရာတော်ရမယ့်သူ တွေပါလာသလို တပည့်မွေးရမဲ့သူတွေလဲ ပါလာလေရဲ့ ဆရာတော်လိုက် ရတာက နာမည်ကြီး အကယ်ဒမီ မင်းသားကြီးနဲ့ နာမည်တူ (လူတော့တူချင်မှတူမယ်) ကိုရန်အောင် ပါ။ ပြီးတော့ အပျိုတွေ ရည်းစားစကား ပြောတာခံရမှာ စိုးလို့ ကြိုတင်ကာ ပြောပြထားမယ် ဆိုတဲ့ ကိုမောင်လှ နဲ့ တစ်ယောက် တည်းနေရတာ အသားကျနေ ပါပြီတဲ့ မှော်ဆရာ တို့ရဲ့ဘလော့တွေ လိုက်ဖတ်ရင်းနဲ့ တော်တော်လေး နားလည်လာတယ်။ ဘာတွေရေးရမလဲလို့ လည်း စဉ်းစားလာတယ်။ နောက်ပြီးတော့ သူများတွေ ရေးတဲ့ ကဗျာတွေစာတွေ ဖတ်ပြီး ရင် ကိုရေး ထားတဲ့ စာတွေ ပြန်ဖျက်ချင် စိတ်ပေါက်လာတယ် ကျွန်တော် မမြဲလျှေက်လည်တဲ့ ဘလော့တွေကတော့ မရောက်တဲ့ ဘလော့ မရှိလောက်အောင် ဘလော့နှံ့တဲ့ ကိုစိုးထက်နည်းပညာ ပိုစ့်တွေရေးတဲ့
ကိုရေခါး၊ နာမည်ကတော့ ပြည့်စုံတဲ့ ပြောစရာမရှိ လူတော့ မမြင်ဘူးသေး၊ပြီးတော့ ကဗျာတွေရေးတဲ့ ကောင်းကင်ကို အလွမ်း မှာ စီးမျောနေ တဲ့ ညီငယ်သာဖြိုး တော်တော်လေးစုံအောင် လည်ဖြစ်ပါတယ်.. ညီတွေညီမတွေကောက် ရလိုက်တာလည်းရှိပါတယ်.. ချစ်အိမ်ငယ်တို့လို ကဗျာဆရာမလေးတွေ လည်းပါသေးရဲ့.. ဘာပဲဖြစ်ဖြစ် ဘလော့ လုပ်ရတာ တော်တော်လေးလဲ ကျေနပ်ပါတယ် ၀မ်းလည်းသာပါတယ် ဒါပေမဲ့ အခုအချိန်မှာ မအားလပ်မှု့တွေကပိုများလာတဲ့အတွက် သူငယ်ချင်းတွေ အားလုံး ကိုတောင်းပန်ပါတယ် ဗျာ အလည်တစ်ခေါက် မရာက်ဖြစ်ခဲ့ရင် စိတ်မဆိုးကြပါနဲ့လို့.......။



0 comments:

Post a Comment

 
◄Design by Pocket