မလေးရှား မှာ အလုပ်လုပ်တဲ့ နိုင်ငံခြား သားတွေ ထဲမှာ အခုဆို ရင်မြန်မာ နိုင်ငံသား များ ဟာ ဒုတိယ အများဆုံးဖြစ်ပါတယ်၊ ပထမအများ ဆုံးကတော့ အင်ဒိုနီးရှား ပါ နိုင်ငံခြား သား အလုပ်သမား ဦးရေဟာ မလေး နိုင်ငံမှာ ၄၆% ထိ ရှိနေပါတယ်။ အလုပ်သမား လူဦးရေ များလာတော့ လုပ်ငန်း လုပ်ပိုင်ခွင့် နည်းပါး လာပါတယ် အလုပ် တစ်ခုမှာ ပုံမှန် ရနေကျ ဈေးနှုန်းထက် တဖြည်းဖြည်း ၅၀% ထိလျော့ကျ လာပါတယ် ၊ ဒါပေမဲ့ တော်တော် များများ ကတော့ မြန်မာပြည် ကိုမပြန်ပဲ ကြုံသလို လုပ်စားနေကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မလေးမှာ တစ်ရက်အလုပ် လုပ်တာဟာ မြန် မာပြည် မှာ ၁၀ရက် အလုပ်လုပ် တာနဲ့ ညီမျှ ပါတယ်။ လုပ်ရင်းကိုင်ရင်း မတော်တစ်ဆ အဖမ်း ခံရရင်လည်း မြန်မာပြည် ထောင်ထက် အများကြီး သာတယ် ပြီးတော့ လွတ်လပ်တယ် အဲဒီ အချက် တွေက မြန်မာ ပြည် ကို ပြန်ချင် စိတ်ကုန် နေကြတာပါ၊၊
ထောင်ဆိုလို့ မလေးရှားထောင် အကြောင်းလေး ပြောရအုံးမယ်။ မလေးရှားနာမည်ကတော့ Panjara လို့ခေါ်တယ် (ဗန်ဂျာရာ) ပေါ့ အဲလူတစ်ယောက် အဖမ်းခံရ ပြီဆိုပါတော့ အချုပ်မှာ ၁၄ရက် ထားတယ်၊ ပြီးရင်တရားရုံးတင် တယ် ၀န်ခံ သည်ဖြစ်စေ ၀န်မခံသည်ဖြစ်စေ ထောင်ကိုပို့တာပဲ ထောင်မှာ ထောင်ကျဆောင်နဲ့ ယမန်ဆောင်ဆိုပြီးရှိတယ်။ ပုံစံကတော့ အတူတူပါပဲ ဒါပေမဲ့ ထောင်ကျသွားရင်တော့ ထောင်ဝတ်စုံ ၀တ်ရတယ် ယမန်ကတော့ ပါလာတာလေးတွေ ၀တ်ပေါ့။ ထောင်မှာစောင့်တဲ့ ရိုးရဲသားကို ကျိကု လို့ခေါ်တယ် ကျန်တာတွေကိုတော့ ရာထူးတပ်ခေါ်ကျတယ်၊ ကော်ပတာ ၊ ဆာဂျင် အစရှိသဖြင့်ပေါ့ ။ စစဦးဆုံး လူသစ်ဆောင် ကိုပို့တာပေါ့ အဲဒီမှာနည်းနည်း တော့ ကြမ်းတယ် လူစုံ တစ်ယောက် အကြောင်းတစ်ယောက် မသိသေးတဲ့ လူစိမ်းတွေပေါ့၊ အုပ်စုတောင့်တဲ့အဖွဲ့က လူမိုက်လုပ်တယ်၊ ဒါပေမဲ့ မြန်မာပြည်သား တော်တော်များများ ကတော့ ခံရတာ နည်းပါတယ်။
စည်းကမ်းပိုင်းကတော့ မူးယစ်ဆေးဝါး နဲ့ ဆား ကိုတော့ တားမြစ် တယ် ဆေးလိပ်ပါ တားမြစ်တယ်။ ဆေးလိပ်ကတော့ ထောင်မှာတာဝန်ကျတဲ့ ရဲတွေနဲ့ ပေါင်းပြီး ခိုးသွင်းကြတယ်.. မိရင်တော့.. မလွယ်ဘူးဗျို့ ။ နံနက် ၇:၀၀ မှာတန်းစီဖို့ တံခါးဖွင့်ပေးတယ် တန်းစီ လူစစ် ပြီးရင် လက္ဘက်ရည် နဲ့ မုန့် ပေးတယ် လက္ဘက်ရည်ဆိုတာ လက္ဘက် အချို ခြောက် အကျရည်ကို သကြားနည်းနည်း ထည့်ထားတဲ့ ဖျော်ရည်ပါ၊ မလေးလိုတော့ TEA O လို့ ခေါ်တယ်၊ (တေးအို) ပေါ့ ပြီးတော့ပေါင်မုန့် ၁ ချပ် ရယ် ဘီစကစ် ၅ ခုရယ် ပေးတယ်။ အဲဒါတွေယူပြီး ကို့အခန်းကိုပြန်ဝင် တံခါးပိတ်တယ်။ နေ့ခင်း ၁၂ နာရီ ပတ်ဝန်းကျင်မှာ တစ်ခါ တန်းစီရတယ် ပြီးတော့ ထမင်းဝေတယ် .. ထမင်းကတော့ ပုံစံခွက်နဲ့ တစ်ပတ်ကို အမဲသား ၂ကြိမ်၊ ကြက်သား၂ ကြိမ်၊ ကြက်ဥ ၂ ကြိမ် ၊ ငါးခြောက် ၄ ကြိမ်၊ ငါး ၄ ကြိမ်။ ကြွေးပါတယ်။ အမိန့်မကျသေးသေးတဲ့ လူတွေကိုတရားရုံးတင်တယ် တရားရုံးကိုတော့ မလေးလို မကားမား (Makama) လို့ခေါ်တယ် အမိန့်ချလိုက်ရင် ထောင် ဒါမှမဟုတ်လည်း ကန့် (Kamp) ကိုရောက်ပေါ့ ကန့်ကျတော့ နေရတာ လွတ်လပ်တယ် ဒါပေမဲ့ အစားအသောက် ကျတော့ နည်းနည်းဆိုးတယ်။
ကဲ.... ဒီလောက်ဆိုရင် မလေးရှား ကိုလာချင်လာချင်စိတ်လေးများ ပေါက်လာပြီလာမသိဘူး... ကန့်ထဲရောက်ရင်တော့ ငါးခြောက်ဆိုတာ ကိုတွေ့ပြီးရင်တော့ ၊ ငါးခြောက်ရောင်းတဲ့ သူကိုသွားသတ်ချင်စိတ်ပေါက်သွားမယ်။ ယောင်လို့တောင် ကြောင်ကိုများ သွားမကြွေးမိလေနဲ့ ဒီလောက် ငံတဲ့ငါးခြောက် ဘယ်လိုလုပ်စားမလဲ ဆိုပြီး ပါးရိုက်သွားလိပ်မယ်..။

0 comments:
Post a Comment