Wednesday, April 22, 2009

ပြောင်းပြန်စီးတဲ့မြစ်

Wednesday, April 22, 2009
မေ့နိုင်အောင် ကြိုးစာရင်း
ဖြေသိမ့်နေပေမဲ့
ပိုလို့တောင် သတိရနေသးတယ်။

မုန်းနိုင်အောင် ကြိုးစားရင်း
နာကျည်းချင်ပေမဲ့
ပိုလို့တောင် ချစ်မိလာသေးတယ်။

ဝေးနိုင်အောင် ကြိုးစားရင်း
ထွက်ပြေးချင်ပေမဲ့
ပိုလို့တောင် နီးနေချင်တယ်။

မတွေ့နိုင်အောင် ကြိုးစားရင်း
ရှောင်ပုန်းချင်ပေမဲ့
သူ့ရှေ့ကိုရောက်ရောက်နေခဲ့တယ်။

ချစ်ချင်တော့ မုန်း
ထွက်ပြေးတော့ လိုက်
နီးလိုတော့ ဝေး
ရှောင်ပုန်းတော့ ရှာ။

သံလိုက်တွေလို
ဆန့်ကျင်ဖက်ဆွဲ
ဗြောင်းပြန်စီးတဲ့
သမုဒ္ဒရ မြစ်ပါလား။

0 comments:

Post a Comment

 
◄Design by Pocket