Monday, April 20, 2009

တိမ်ကြားက လ

Monday, April 20, 2009
အာကာတစ်ခွင်
တိမ်တောင်တွေဖုံး
မည်းမှောင်နေတဲ့
ကောင်းကင်အောက်
အလင်းရောင်ပျောက်လို့
စမ်းတ၀ါးဝါး
ခရီးသွား။

ဘယ်ဆီကိုသွားရမယ်မှန်း
တွေးဆလို့မျှော်
ရှေ့ နောက်ရယ်
တွက် ခက်ချိန်မှာ
တစ်ချက်ကလေးရယ်ပ
သူလင်းကာ အရောင်ပြတယ်
တိမ်ကြားက လ။



0 comments:

Post a Comment

 
◄Design by Pocket