Sunday, April 19, 2009

ဂတိ

Sunday, April 19, 2009
ခံစားချက်ချင်းကတော့
တူညီမယ်ထင်ပါရဲ့
ကိုခံစားနေရသလို
သူလဲခံစားနေရမယ်ထင်ရဲ့။

လွမ်းနေရတယ် လို့
အသံကုန်အောင် အော်ချင်ပေမဲ့
သူကတော့
့ကြားနိုင်မယ်မထင်။

ဝေးနေရတယ်ဆိုပေမဲ့
မင်းရဲ့ အသံ
မင်းရဲ့ ဟန်တွေ
ကို့ရဲ့ ပတ်ဝန်းကျင်မှာ
ထာဝရရှိနေမှာပါ။

အမှန်တရားတွေ အတွက်
မင်းနဲ့ကို့ရဲ့
သိက္ခာတရားတွေ အတွက်
ကို့ရဲ့ လက်ကိုဆွဲလို့
ပတ်ဝန်းကျင်ဆိုတာကို
ကိုနဲ့အတူရင်ဆိုင်လိုက်ပါ ။ ချစ်သူ...........

မင်းအတွက်
အကောင်းဆုံးတွေကို ဆောင်ကျည်းပြီး
အရာရာကို ပေးဆပ်ဖို့
အသင့်ပြင်ဆင်
စောင့်ဆိုင်းနေပါ့မယ်။

ယုံကြည်မှု့အပြည့်နဲ့
စိတ်ချလက်ချလှမ်းခဲ့ပါ
ချစ်သူ.... ရေ.....
တံခါးအားလုံး
မင်းအတွက်
ထာဝရ ဖွင့်လို့ထားတယ်။ ။

0 comments:

Post a Comment

 
◄Design by Pocket