Tuesday, April 21, 2009

အိမ်ထောင်ဖက်

Tuesday, April 21, 2009
မိန်းကလေး.....
အချစ် ဆိုသည့်
ထိုနှောင်ကြိုးကြောင့်
အဘယ်မျှပင် ချစ်စေကာမူ
သံယောဇဉ်ထား ဘယ်လိုများလည်း
ကြင်ဖော် နှောင်ဖက် ဖြစ်ရန်မူကား
တစ်ဦးကိုတစ်ဦး ယုံကြည်မှုတို့
ရှိရန်လို၏။

ထိုသို့မဟုတ်
ယုံကြည်မှုပျောက်
အိမ်ထောင်ဆောက်က
သံသယမကင်း
အိမ်ထောင်ခြင်းကား
ဆင်းရဲအပေါင်း ၀န်းရံခ၍
မရွှင်မကြည် ရန်ဘေးသီ၏
အမြင်မကြည် အတူနေ၍
အိမ်ထောင်ဖက်ထား
ပေါင်းဖက် ခြင်းကား
လောင်မီးစတို့ ဆထက်ပွားကာ
ကွေကွင်း နောက်ဆုံး ဖြစ်လေ၏
ဒုက္ခနောက်ဆုံး ရှိချေ၏ ။ ။

0 comments:

Post a Comment

 
◄Design by Pocket