Thursday, April 30, 2009

ဒွိဟအတွေး

Thursday, April 30, 2009
ယုံကြည်ချင်တယ်
မင်း တကယ်ချစ်တာပါလို့
မယုံရဲဘူး
အသဲ ခွဲသွားမှာစိုးလို့ပါ။

နားထောင်ချင်တယ်
မင်း ပြောသမျှကို
မကြား ရဲဘူး
ငိုသံ တွေပါမှာစိုးလို့ပါ။

သိစေချင်တယ်
ကို ဘယ်လောက် ချစ်တယ်ဆိုတာကို
မပြောရဲဘူး
သံသယတွေ ပါမှာစိုးလို့ပါ။

ဖွင့်ချလိုက်ချင်တယ်
ရင်ထဲကခံစားချက်တွေကို
မြိုသိပ်ထားလိုက်တယ်
မင်းစိတ်ညစ်မှာစိုးလို့ပါ။

လက်တွဲချင်တယ်
စိတ်ကူးယဉ်ကမ္ဘာလေးဆီကို
မခေါ်ရက်ဘူး
မင်း မပျော်မှာစိုးလို့ပါ။



0 comments:

Post a Comment

 
◄Design by Pocket