Saturday, April 18, 2009

သံသယကင်းမှပြန်လာပါ

Saturday, April 18, 2009
ငါလေ.....
ယုံကြည်မှုတွေအပြည့်နဲ့
ငါ့ရဲ့လက်ကိုတွဲလို့
မင်း ပျော်နေတာကိုလိုချင်တာပါ။

ငါလေ.....
အေးချမ်းမှုတွေနဲ့
အပူအပင်တွေကင်းလို့
မင်းပြုံးနေတာကိုလိုချင်တာပါ။

ငါလေ.....
သူများတွေလိုပဲ
မင်းနဲ့အတူတွဲလို့
စိုပြေတဲ့မိသားစုလေးကိုမျှော်လင့်ခဲ့တာပါ။

ငါလေ.....
အရာရာကိုလဲ
မင်းကိုသိပ်ချစ်လွန်းလို့
အရှုံးပေးလိုက်တာပါ။

ငါလေ.....
ဆူးဖိနပ်တွေနဲ့ မင်းနင်းခြေဖို့
ငါ့အသည်းနှလုံးကို
ထုတ်ပေးခဲ့တာပါ။

ဒါပေမဲ့
ချစ်သူ.....
သံသယ ရှိရင်
ပြန်လှည့်မလာပါနဲ့။ ။

0 comments:

Post a Comment

 
◄Design by Pocket