Sunday, April 19, 2009

ဆေးတစ်ခွက်

Sunday, April 19, 2009

တွေးလိုက်တိုင်း မင်းအကြောင်း
မြင်မြင်သမျှ မင်းရုပ်ပုံလွှာ
လှုပ်ရှားမှုတွေအားလုံး
ကို့ရဲ့စိတ်တွေမဟုတ်တာ သေချာနေလေရဲ့။

ရင်အစုံ နာကျင်လွန်းလို့
ဘယ်နေရာတွေ နာကျင်နေမှန်းမသိ
ဆေးဝါးလည်းမရှိတော့
ခံစားနေရရုံပေါ့။

မောင်းထုတ်ဖို့လဲ မစဉ်းစား
မေ့ပစ်ဖို့လည်း မတတ်နိုင်
ကုစားစရာ ဒဏ်ရာမဟုတ်တော့
ရင်တွေကွဲအောင်ခံရပြီပေါ့။

ချစ်သူ.....
မင်းသာ... ဖြစ်နိုင်မယ်ဆိုရင်
အမြန်လာရောက်
ကုစားပေးလှည့်ပါ။ ။

0 comments:

Post a Comment

 
◄Design by Pocket