Saturday, April 18, 2009

လေဒဏ်ခံရတဲ့လှေကလေး

Saturday, April 18, 2009
ချစ်သူ....
မင်းနဲ့ကိုရဲ့လှေငယ်လေး
ပင်လယ်ပြင်ကို အတူဖြတ်ဖို့
ဆုံးဖြတ်ခဲ့ကြတယ်နော်.....

ပင်လယ်ပြင်အစ
ကမ်းစပ်တစ်နေရာက
လေစိမ်းတွေရဲ့ ဒဏ်ကို
ကြောက်ရွံ့သွားတာလား
ကိုတို့ရဲ့ လှေကလေး
ခိုင်ခံ့မှု့ကို မယုံကြည်လို့လား
ပင်လယ်ပြင်ကို ရင်မဆိုင်ရဲတော့တာလား
လားပေါင်းများစွာသော မေးခွန်းတွေနဲ့
လှေကလေးပေါ်မှာ ကိုတစ်ယောက်တည်း။

ယုံကြည်တယ်ဆိုလိုက်ခဲ့ပါ
အားအင်အပြည့်နဲ့ကျော်ဖြတ်ဖို့
ကို စောင့်နေတုန်းပါပဲ
မင်းနဲ့အတူရွက်လွှင့်ဖို့
ကို့ထံကို မင်းပြန်ရောက်မှ
ကမ်းစပ်က ခွာတော့မယ်။

ရင်နာတာ
မှောက်အိပ်လို့ မဟုတ်ပါဘူး ချစ်သူ..... ။ ။

0 comments:

Post a Comment

 
◄Design by Pocket